သင်က လက်ရှိမှာ ဝိတ်ချနေတယ်ဆိုရင် လုပ်နေကျ လေ့ကျင့်ခန်းတွေနဲ့အတူ မျက်နှာအဆီကျဖို့ ပါ တွဲဖက်လုပ်သင့်ပါတယ်။ တချို့တွေဆို ပိန်ပေမယ့် မျက်နှာအဆီများသူတွေ ရှိပါတယ်။ မျက်နှာသွယ်သွယ်လေး ရစေဖို့ ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ပီကယ်ဝါးပါ

သင်က မျက်နှာအဆီကျချင်ရင် မျက်နှာကို အလုပ်ပေးရပါမယ်။ ပီကယ်မကြာခဏ ဝါးပေးတာက မျက်နှာအဆီတွေကို ချပေးပြီး မျက်နှာသွယ်လျစေပါတယ်။ ပီကယ်ကို တစ်နာရီ ဒါမှမဟုတ် ဒီထက်ပိုကြာကြာ ဝါးပေးသင့်ပါတယ်။

၂။ ရေများများသောက်ပေးပါ

ရေများများသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ခန္ဓာကိုယ်ဝိတ်ကျဖို့၊ မျက်နှာအဆီကျဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ရေအနည်းဆုံး ၂ လီတာခန့် သောက်ပေးသင့်ပါတယ်။

၃။ ရေခဲ

မျက်နှာကို ရေခဲနဲ့ ပွတ်ပေးတာက အသားအရေကို တင်းရင်းစေပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျဉ်းစေပြီး မျက်နှာကိုပါ သေးသွယ်စေပါတယ်။ သင်က ရေခဲကို မျက်နှာ တိုက်ရိုက်မကပ်ချင်ဘူးဆိုရင် အဝတ်စ အသန့် ထဲ ရေခဲထည့်ပြီး မျက်နှာကို ပွတ်ပေးနိုင်ပါတယ်။

၄။ မျက်နှာလေ့ကျင့်ခန်း

ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်သလိုပဲ မျက်နှာလေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ မျက်နှာကို လှုပ်လှုပ်ရှားရှား နေပေးတာကြောင့် သွေးလည်ပတ်မှု ကောင်းပြီး မျက်နှာအဆီ ကျစေပါတယ်။ YouTube မှာဆိုရင် Emi Wong ရဲ့ မျက်နှာ လေ့ကျင့်ခန်းတွေက ထိရောက်ပါတယ်။ ဒါ့အပြင် တခြား မျက်နှာလေ့ကျင့်ခန်းများစွာကိုလည်း YouTube မှာ ရှာနိုင်ပါတယ်။

Source: YouTube

၅။ နှိပ်နယ်ပေးပါ

မျက်နှာကို လက်နဲ့ နှိပ်နယ်ပေးတာ ၊ ဒါမှမဟုတ် Face Roller နဲ့ နှိပ်နယ်ပေးတာက မျက်နှာကို V Shape ရစေပြီး အသားအရေကို တင်းရင်းစေပါတယ်။ မျက်နှာသွယ်စေတဲ့အပြင် သွေးလည်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။

၆။ အိပ်ချိန်မှန်အောင်ထားပါ

အိပ်ချိန်က သင့်အလှအပနဲ့ များစွာ ဆက်စပ်နေပါတယ်။ ကိုယ့်အိပ်ချိန်ကို မှန်မှန်ထားပေးတာက ကိုယ်အလေးချိန်ကျဖို့ ကူညီပေးရုံမက မျက်နှာအဆီကျဖို့ပါ ထိရောက်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar