အရပ်ပုပုလေးနဲ့ ချစ်စရာလေးလို့ အပြောခံရသူတွေ ချည်းပါပဲ။ ဒီတော့ အရပ်မရှည်တာက ဝမ်းနည်းစရာမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်တဲ့အချိန် အရပ်ရှည်တယ်ထင်ရအောင် လှည့်စားနည်းတွေ အများအပြားရှိပါတယ်။ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားပြီး ဒါကို အလှဆုံးဖြစ်အောင် ဖန်တီးဖို့က ကိုယ့်တာဝန်ပါပဲ။ ဒီတော့ ဓာတ်ပုံထဲမှာ အရပ်ရှည်သွားအောင် ဘယ်လိုလှည့်စားနိုင်လဲ ကြည့်လိုက်ရအောင်နော်-

၁။ လှေကားပေါ်မှာ ပို့စ်ပေးပါ

လှေကားပေါ်မှာ တံတောင်ထောက်မှီကာ ခြေထောက်နှစ်ဖက်ကို ဆန့်လိုက်တာ ဒါမှမဟုတ် အောက်အထစ်တွေမှာ ခြေထောက် တင်လိုက်တာက သင့်ခြေတံအလှကို ပိုမြင်စေပြီး အရပ်ပိုရှည်စေပါတယ်။

၂။ အောက်ဘက်က ရိုက်ပါ

ဓာတ်ပုံရိုက်ပေးတဲ့ သူက ကိုယ်နဲ့ Level တစ်တန်းတည်း မနေခိုင်းဘဲ ကိုယ့်အောက်ဘက် နိမ့်တဲ့ Angle ကနေ ဓာတ်ပုံရိုက်ခိုင်းရပါမယ်။ ဒီ ပို့စ်က သင့်ကို အရပ်ပိုရှည်သွားစေပါတယ်။

၃။ လက်အပေါ် မြှောက်တာ

လက်နှစ်ဖက်ကို အပေါ်မြှောက်နေတဲ့ပုံစံက သင့်အရပ်ကို ပိုရှည်သွားစေပြီး လွတ်လပ်ပေါ့ပါးတဲ့ အသွင်ကို ပိုင်ဆိုင်စေပါတယ်။ ပို့စ်ပေးသူက ပေါ့ပေါ့ပါးပါး ပုံစံ ဖြစ်နေဖို့တော့ လိုအပ်ပါတယ်။

၄။ ခြေထောက်တစ်ဘက်ကို ရှေ့မှာထားတာ

ခြေထောက်နှစ်ဖက်လုံးကို တစ်တန်းတည်းမထားဘဲ တစ်ဖက်ကို ရှေ့ထုတ်ထားတာက သင့်ခြေတံကို ပိုရှည်သွားစေပါတယ်။

၅။ လမ်းလျှောက်နေတဲ့ပုံစံ

လမ်းလျှောက်နေတဲ့ပို့စ်က သင့်ကို အရပ်ပိုရှည်တယ် ထင်ရစေပါတယ်။ သဘာဝကျကျလေးနဲ့ ပုံလှလှလေးထွက်ချင်ရင် လမ်းလျှောက်တဲ့ပို့စ်က အရပ်ပုတဲ့ မိန်းကလေးတွေနဲ့ အဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar