ဝတ်စုံကောင်းကောင်းဝတ်ထားပြီး ဓာတ်ပုံကောင်းကောင်းမရတဲ့နေ့က ပြဿဒါးပါပဲ။ ၎င်းဟာ ကျွန်မတို့မိန်းကလေးတွေအတွက်တော့ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာနဲ့ ယုံကြည်ချက်တွေကိုပါ ပျောက်ဆုံးစေပါတယ်။ တစ်ခါတလေ ဓာတ်ပုံထဲက ခန္ဓာကိုယ်က အပြင်က ခန္ဓာကိုယ်ထက်တောင် ပိုပြီးဝနေတတ်ပါသေးတယ်။ ဆိုတော့ ဓာတ်ပုံထဲမှာ ပိန်သယောင်ထင်ရစေမယ့် Pose ပေးနည်းတွေက ဘာတွေဖြစ်မလဲ လေ့လာကြည့်လိုက်ရအောင်ပါ။

၁။ အောက်ပင့်မရိုက်ခိုင်းပါနဲ့


Source: Pinterest

ဒီတစ်ခေါက်ဓာတ်ပုံရိုက်တဲ့အခါ အောက်ကပင့်ရိုက်တဲ့ပုံနဲ့ အပေါ်ကစီးရိုက်တဲ့ပုံ (၂) ပုံယှဉ်ပြီး ရိုက်ကြည့်ပါ။ အပေါ်ကြည့်နေတဲ့အခါ သင်ကလည်ပင်းဆန့်ထားရတာဖြစ်လို့ ပိုသွယ်သယောင်ထင်ရပါတယ်။ အောက်ကရိုက်တဲ့အခါကျ အောက်မှာရှိတဲ့ Camera lens ကိုသင်ကြည့်နေရတာဖြစ်လို့ သင့်လည်ပင်းကတိုဝင်သွားပြီး ပိုဝတယ်လို့ထင်ရစေပါတယ်။

၂။ ဝမ်းဆက်ဝတ်ပါ

Source: Fashionista

ဒီတစ်ခေါက် အရေးကြီးတဲ့ပွဲတစ်ခုခုကို သွားရတော့မယ်ဆို ဝမ်းဆက်ဖြစ်တာမျိုးပဲဝတ်ပါ။ အပေါ်အောက်ကွဲနေတဲ့ Outfit ထက် တစ်ဆက်တည်း Outfit တွေက သင့်ကိုပိုပိန်တယ်လို့ ထင်ရစေပါတယ်။ ဒီလိုဝတ်စုံမျိုးဝတ်တဲ့အခါကျရင်တော့ ကင်မရာကို ရှေ့တည့်တည့်ကနေပဲ ရိုက်ခိုင်းလိုက်ပါ။

၃။ လက်မောင်းအနေအထား

Source: Who What Wear

Celebrity တွေက ဘာလို့များအမြဲတစေ ခါးထောက်ပြီး Pose ပေးနေကြတယ်လို့ ထင်ပါသလဲ။ လက်ကိုဘေးချထားမယ်ဆို လက်ကခန္တာကိုယ်နဲ့ တသားတည်းဖြစ်နေပြီး ခန္တာကိုယ်ပိုကျယ်၊ ပိုဝတယ်လို့မြင်သွားစေပါတယ်။ ဒါကြောင့် Celebrity တွေဟာ လက်နဲ့ခန္တာကိုယ်ကိုခွဲပြီး ခါးထောက်ကာ Pose ပေးကြခြင်းပဲ ဖြစ်ပါတယ်။

၄။ ဆံပင်ကို တင်းတင်းကျပ်ကျပ်ကြီးမစည်းပါနဲ့

Source: Allure

ဆံပင်ကို ထိပ်မှာထုံးတာပဲဖြစ်ဖြစ်၊ Ponytail ပုံစံအပြောင် စုစည်းတာပဲဖြစ်ဖြစ် တင်းတင်းကျပ်ကျပ်ကြီး မစည်းမိပါစေနဲ့။ အဲဒါက သင့်မျက်နှာကို ထောင့်ပျောက်သလိုဖြစ်သွားစေပြီး မျက်နှာပိုကြီးကာ ဓာတ်ပုံထဲမှာပြဲပြဲကြီး ဖြစ်နေတတ်ပါတယ်။

၅။ လှလှလေးထိုင်ပါ

Source: screenertv.com

ဆောင်းပါးတောက်လျှောက် မတ်တပ်ရပ်ပြီးဘယ်လို Pose ပေးရမလဲသာပြောနေပေမဲ့ ထိုင်ပြီး Pose ပေးတဲ့အခါမျိုးကျ ဘယ်လိုပိန်အောင်နေရမယ်ဆိုတာမျိုး မပြောမိဘူးထင်ပါတယ်။ ဒီတစ်ခါ တစ်ယောက်ယောက်ကများ သင်ထိုင်နေတုန်း သင့်ဆီ Camera ကိုင်ပြီးလာခဲ့မယ်ဆို ခြေချိတ်ပြီးတော့သာထိုင်လိုက်ပါ။ ခါးပိုသေးတယ်လို့ထင်ရစေပါတယ်။

Featured image source: paddyliu.com