နေ့စဉ်လှပပြီး ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်မျိုး ရရှိချင်ပါသလား။ နေ့စဉ် မှန်ကြည့်လိုက်တိုင်း စိတ်ချမ်းသာရတဲ့ ခံစားမှုမျိုးနဲ့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသားအရေကို ဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

ဒီတခါမှာတော့ သင့်ကို အမြဲတမ်း လှပပြီး ဆွဲဆောင်မှုရှိနေစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ Suncreen လိမ်းပါ (နေ့စဉ်)

၂။ အသားအရေကို ကြေးချွတ်ပါ (၁ ပတ် ၁ ခါ)

၃။ ရေများများသောက်ပါ (နေ့စဉ်)

၄။ ဆံပင်ကို ဆွဲဆောင်မှုရှိရှိညှပ်ပါ။ မိမိနဲ့ လိုက်ဖက်တဲ့ ပုံမျိုးညှပ်သင့်ပါတယ်။ ဆံကေသာကိုလည်း ပေါင်းတင်ပါ။ (ခေါင်းလျှော်တိုင်း)

၅။ ကောင်းမွန်စွာအိပ်စက်အနားယူပါ (နေ့စဉ်)

၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ (နေ့စဉ်)

၇။ အရက် ဆေးလိပ် မသောက်ပါနဲ့

၈။ ဆွဲဆောင်မှုရှိရှိ ဝတ်ပါ (နေ့စဉ်)

၉။ မိတ်ကပ်အများကြီးမလိမ်းပါနဲ့

၁၀။ ပြုံးပါ

၁၁။ သင်လှတယ်ဆိုတာ ယုံလိုက်ပါ