အားလုံးပဲမင်္ဂလာပါနော်။ အမြဲတမ်း မိတ်ကပ်လိမ်းနေဖို့ဆိုတာအသားအရေ အတွက်မကောင်းပါဘူး။

စာဖတ်သူတို့ကော အလှအပအတွက် တစ်နေ့ ဘယ်နှစ်နာရီလောက် မှန်ရှေ့မှာ အချိန်ဖြုန်းလေ့ရှိသလဲ။ မိတ်ကပ်လိမ်းရတာဟာ ဝါသနာပါတဲ့သူတွေအတွက်ရော အလှအပ ကြိုက်တဲ့သူတွေအတွက် သိပ်ကိုပျော်စရာကောင်းပါတယ်။

ဒါပေမယ့် အမြဲတမ်း မိတ်ကပ်လိမ်းနေမယ်ဆိုရင်တော့ ချွေးပေါက်တွေပိတ်စို့ပြီး အသားအရေအတွက် ကောင်းမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် မိတ်ကပ်မလိမ်းဘဲနဲ့လည်း နေပေးဖို့လိုပါတယ်။ မိတ်ကပ်အများကြီးလိမ်းစရာမလိုဘဲနဲ့ သဘာဝကျကျလေး လှနေဖို့ဆိုရင်တော့ အသားအရေကောင်းဖို့လိုအပ်ပါတယ်။

အသားအရေကောင်းဖို့ ဘယ်လိုနည်းလမ်းလေးတွေကို လိုက်နာရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ အသားအရေလှစေတဲ့ အစားအစာတွေစားပါ

ခံတွင်းရနံ့ ဆိုးတာကို ၅ မိနစ်အတွင်း သက်သာစေမယ့် နည်းလမ်းကောင်း (၅) သွယ်

အသားအရေလှစေတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။ Omega-3 Fatty Acid ပါဝင်တဲ့ အသီးအနှံတွေ လိမ္မော်သီး၊ ရွှေဖရုံစေ့တို့လို အသီးအနှံတွေသာမက ကြက်ဥ၊ ချိစ်၊ ငါး တွေကိုလည်း စားသုံးပေးသင့်ပါတယ်။

၂။ ရေများများသောက်ပါ

ရေများမျးသောက်တာက သင့်အသားအရေအတွက်လည်းကောင်းမွန်သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်လောက်သောက်ပေးသင့်ပါတယ်။

၃။ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝဘူးဆိုရင်တော့ အသားအရေက ညှစ်နွမ်းနွမ်းကြီးဖြစ်နေမှာပါ။ အသားအရေလှဖို့ရော ဝိတ်ကျဖို့အတွက်ပါ အိပ်ရေးဝနေဖို့လိုပါတယ်။ အိပ်ရေးမဝရင် စိတ်တိုလွယ်ပြီး စိတ်ဖိစီးမှုလွယ်ပါတယ်။ အသားအရေလည်းထိခိုက်စေပါတယ်။

၄။ သင့်အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပါ

သင်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပေးသင့်ပါတယ်။ ရေဓာတ်ပါဝင်မှုများတာကို သုံးပါ။

၅။ အသားအရေလှဖို့ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက်ရော၊ အသားအရေအတွက်ရော၊ ခန္ဓာကိုယ် အလှအတွက်ပါကောင်းမွန်ပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးသင့်ပါတယ်။

၆။ အသားအရေကို ပုံမှန်ထိန်းသိမ်းပါ

သင့်အသားအရေအမျိုးအစားနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုကို လုပ်ဆောင်ပေးသင့်ပါတယ်။

အသားအရေအားလုံးအတွက် အသင့်တော်ဆုံးကတော့ မျက်နှာသစ်တာ၊ တိုနာလိမ်းပေးတာ၊ moisturizer လိမ်းပေးတာပါပဲ။

၇။ Sunscreen လိမ်းပါ

သင့်အသားအရေနဲ့ သင့်တော်တဲ့Sunscreen ကိုလိမ်းပေးသင့်ပါတယ်။ UVA, UVB နဲ့ UVC တွေက အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ကာကွယ်ဖို့ မမေ့သင့်ပါဘူးနော်။

၈။ စိတ်ဖိစီးမှုကို လျှော့ချပါ

ဒီကနေ့ခေတ် လူနေမှုဘဝပုံစံက များပြားလှတဲ့ လုပ်ငန်းတာဝန်တွေကြားမှာ စိတ်ဖိစီးမှုတွေ ပိုများလာပါတယ်။ စိတ်ဖိစီးမှုကို လျှော့ဖို့အတွက် တရားထိုင်တာ၊ ရောဂလေ့ကျင့်ခန်းလုပ်တာမျိုးလုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးလည်းမကောင်းသလို ဆံပင်ကျွတ်တာ၊ ဆံပင်တွေကိုဖြူတာမျိုးဖြစ်စေပြီး အသားအရေကို လည်း ထိခိုက်ပျက်စီးစေပါတယ်။

၉။ မျက်နှာကို နှိပ်နယ်ပေးပါ

သင့်မျက်နှာကို ၂ ပတ်တစ်ကြိမ်(သို့) ၁ လတစ်ကြိမ်လောက်ပဲဖြစ်စြဖ် အချိန်ပေးပြီး နှိပ်နယ်ပေးပါ။ မိမိကိုယ်တိုင်လည်း မျက်နှာမှာ မိမိနဲ့ သင့်တော်တဲ့ Serum တစ်ခုခုလိမ်းပေးပြီးတော့ ခပ်ဖွဖွလေး နှိပ်နယ်ပေးသင့်ပါတယ်။

၁၀။ ဖက်ရှင်ကျကျဝတ်ပါ

သင်နဲ့ ကွက်တိဖြစ်ပြီး လိုက်ဖက်တဲ့ဖက်ရှင်၊ သက်သောင့်သက်သာဖြစ်ပြီး စမတ်ကျစေတဲ့ဖက်ရှင်မျိုးကို ဝတ်ဆင်ပါ။ MyStyle Myanmar မှာလည်း ဖက်ရှင်နဲ့ ပတ်သက်လို့ အများကြီးလေ့လာဖတ်ရှုလို့ရပါတယ်နော်။

Source: www.stylecraze.com

By: MyStyle Myanmar