မိန်းကလေးတိုင်းအတွက် အလှတွေအရမ်းပြင်ထားတာမျိုးမဟုတ်ပဲ ဘယ်အချိန်ကြည့်ကြည့် သပ်သပ်ရပ်ရပ်နဲ့ အမြဲလှနေစေမယ့် လျှို့ဝှက်ချက်နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကို သေချာလုပ်ပြီး ထိန်းသိမ်းထားနိုင်ရင် အမြဲလှနေမှာဖြစ်လို့ မိတ်ကပ်တွေပြင်နေစရာတောင် မလိုပါဘူး။

အသားအရေကိုသေချာဂရုစိုက်ပါ

အသားအရေကောင်းနေရင် မိတ်ကပ်လိမ်းစရာမလိုပါဘူး။ အသားအရေမကောင်းရင်တော့ မိတ်ကပ်လိမ်းလည်း လှချင်မှလှတာပါ။ ဒါကြောင့် အရေးကြီးတာက ကိုယ့်အသားအရေကို သေချာဂရုစိုက်ပါ။ မျက်နှာတင်မဟုတ်ပါဘူး။ Body Care လည်း လုပ်ပေးပါ။ တစ်ပတ် ၁ ကြိမ် (သို့) ၂ ကြိမ် Body Scrub လုပ်တာမျိုး၊ နေ့တိုင်း မနက်၊ ည Lotion သေချာလိမ်းပေးတာမျိုးနဲ့ ထိန်းသိမ်းပေးပါ။

သွားကိုတစ်နေ့ ၂ ကြိမ် သေချာတိုက်ပါ

သွားတွေဝါညစ်နေရင်၊ ခံတွင်းနံ့နံနေရင် ရှက်ဖို့ကောင်းပါတယ်။ ဒါကြောင့် သွားကို တစ်နေ့ ၂ ကြိမ် သေချာနည်းစနစ်မှန်မှန်တိုက်ပါ။ ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းချုပ်ရင်လည်း ခံတွင်းနံ့နံပါတယ်။

မျက်ခုံးမွှေးလေးတွေကို သေချာပုံသွင်းပါ

မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာမှာ မျက်ခုံးမွှေးက အသက်ပါပဲ။ ဒါကြောင့် မျက်ခုံးမွှေးလေးတွေကို သေချာပုံသွင်းပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင် ကောင်းကောင်းမအိပ်ရရင် မျက်ကွင်းတွေညိုပြီး မျက်အိတ်ဖောင်းတာ၊ အရေးအကြောင်းတွေပေါ်လာတာမျိုး၊ Breakout တွေထွက်လာတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ။

ရေများများသောက်ပါ

အသားအရေစိုပြည်ပြီးလှပနေဖို့ ကိုယ်ရည်စစ်တဲ့ ခန္ဓာကိုယ်လေးရရှိဖို့ ရေကို များများသောက်ပေးပါ။

Body Weight ကို ထိန်းထားပါ

စားချင်းတာစားပြီး ထိုင်နေတာမျိုး၊ လှုပ်ရှားမှုမရှိတာမျိုး၊ အဆီအစိမ့်တွေ အရမ်းစားတာမျိုးဆိုရင် အဆီတွေတက်ပြီး ဝလာပါလိမ့်မယ်။ ဒါကြောင့် လှချင်ရင်တော့ အစားအသောက်ကိုလည်း သေချာဂရုစိုက်ပြီး Body Weight ကိုလည်း ထိန်းထားဖို့ လိုပါတယ်။

လေ့ကျင့်ခန်းအမြဲလုပ်ပါ

လေ့ကျင့်ခန်းအမြဲလုပ်ရင်တော့ ချွေးတွေထွက်ပြီး အသားအရေလည်း လှလာစေတယ်။ ခန္ဓာကိုယ်အချိုးအစားလည်း ပိုလှလာစေပါတယ်။

photo source: www.freepik.com