မိန်းကလေးတိုင်းအတွက် ပင်ပန်းနေရင်တောင်မှ ကြည့်လိုက်တာနဲ့ အမြဲတမ်းလှနေအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အပန်းမကြီးတာကြောင့် ဒီ tips လေးတွေကို မိန်းကလေးတိုင်း လုပ်ကြည့်သင့်ပါတယ်။

Moisturizer လိမ်းပါ

Moisturizer မလိမ်းရင် အသားအရေက မွဲခြောက်ပြီး ပိုကြည့်ရဆိုးစေပါတယ်။ ပင်ပန်းနေတာလည်း ပိုပေါ်လွင်စေပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို တခြားဟာတွေမလိမ်းရင်တောင် Moisturizer ကိုတော့ လိမ်းဖြစ်အောင်လိမ်းပါ။

Eye Cream သုံးပါ

Eye Cream မသုံးရင် မျက်လုံးအောက်ကခြောက်သွေ့ပြီး မျက်ကွင်းညိုတာပိုထင်းသွားစေပါတယ်။ မျက်လုံးအောက်က အရေးအကြောင်းတွေလည်း ပိုပေါ်လာစေလို့ ပင်ပန်းနေတဲ့ပုံစံ၊ အိုမင်းရင့်ရော်နေတဲ့ပုံစံ ပိုပေါက်စေပါတယ်။ ဒါကြောင့် Eye Cream ကောင်းကောင်းတစ်ခုကို စွဲသုံးပေးမယ်ဆိုရင် ပင်ပန်းလို့ မျက်တွင်းညိုနေတာတောင် သိသာမှာမဟုတ်ပါဘူး။

Concealer သုံးပါ

ပင်ပန်းတဲ့အခါမှာ မျက်ကွင်းညိုနေတတ်ပါတယ်။ ဒီလိုအချိန်မှာ မိတ်ကပ်လိမ်းရင် Concealer သုံးပေးပါ။ အသားအရောင်မညီတဲ့နေရာတွေကိုလည်း Concealer နဲ့ ညှိုပေးပါ။

Highlighter သုံးပါ

Highlighter သုံးထားရင် မျက်နှာလေးကလင်းပြီး Glow နေတဲ့အတွက် ပင်ပန်းတဲ့ပုံစံမပေါက်ပဲ အမြဲလှနေမှာပါ။

ပါးနီခြယ်ပါ

ပါးနီခြယ်လိုက်ရင် ဘယ်လောက်ပဲပင်ပန်းနေပါစေ မျက်နှာလေးလင်းပြီး လှသွားတာကြောင့် မျက်လုံးတွေခြယ်ပြီး ပြင်နေစရာတောင် မလိုတော့ပါဘူး။

နှုတ်ခမ်းနီဆိုးပါ

မျက်နှာတစ်ခုလုံးမှာ နှုတ်ခမ်းနီက အသက်ပါပဲ။ ဘာမှမပြင်ဆင်ထားရင်တောင် နှုတ်ခမ်းနီလေးဆိုးလိုက်ရင် မျက်နှာလေးလင်းပြီး လှသွားပါတယ်။ အရောင်မှိုင်းတာတွေ၊ ပန်းရောင်ဖျော့တာတွေ၊ အညိုရောင်တွေကိုတော့ ရှောင်ပေးပါ။

ဆံပင်ကိုသပ်သပ်ရပ်ရပ်ထားပါ

ပင်ပန်းနေရင်တောင်မှ အမြဲတမ်းလှနေဖို့အတွက် မျက်နှာတစ်ခုထဲဂရုစိုက်နေလို့တော့ မရပါဘူး။ မိန်းကလေးဆိုတော့ ကိုယ့်ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ဖို့ လိုပါတယ်။