အသက်မငယ်တော့ဘူးဆိုရင်တောင် ရုပ်နုအောင် နေလို့ ရပါတယ်။ တစ်ချို့သူတွေ အသက် ၄၀-၅၀ ဆိုပေမယ့် သူတို့ကို မြင်လိုက်ရင် ၃၀ နဲ့ ၄၀ ကြားလောက် ထင်သွားစေတာ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ အမျိုးသားတစ်ယောက်နုပျိုအောင် နေတယ်ဆိုတာ ‌ယောင်္ကျားမဆန်တာ မဟုတ်သလို ကိုယ့်ကိုယ် သ,လွန်းတာလည်း မဟုတ်ပါဘူး။ သူ့အနေနဲ့ ကိုယ်ရော စိတ်ရောကျန်းမာလန်းဆန်းအောင် သူ့ဘာသာ စောင့်ရှောက်နေတာ ဖြစ်ပါတယ်။

တကယ်လို့ သင်လည်း အရွယ်တင်နုပျိုချင်တယ်ဆိုရင် ဒီအချက်တွေ လုပ်ပေးနေဖို့ လိုပါတယ်။ အခုပြောမယ့်အချက်တွေက လွယ်ကူရိုးရှင်းပေမယ့် နှစ်ရှည်လများ စွဲစွဲမြဲမြဲ လုပ်သွားရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။

(၁) ကြိုတင် ပြင်ဆင်ထားပါ

Photo: CNN.com

တရုတ်စကားပုံတစ်ခု ရှိပါတယ်။”သစ်ပင်တစ်ပင် စိုက်ဖို့ အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ နှစ် ၂၀ ပါ။ နောက်ထပ် ဒုတိယအကြိမ် အကောင်းဆုံးအချိန်က ဒီအချိန်ပါပဲတဲ့” သင့်အနေနဲ့ ပထမအကောင်းဆုံး အကြိမ်ကတည်းက ပြင်ဆင်ထားသင့်ပါတယ်။ တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ ရုပ်ပိုင်းထိန်းသိမ်းမှု နေ့စဉ်လုပ်မယ်။ စိတ်ချမ်းသာအောင်လည်း ကိုယ့်ကိုယ်ကို ထားမယ်။ ဒါတွေက အရွယ်တင်အောင် ကြိုပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

(၂) အလေးမပါ

Photo: Men’s Health

အရွယ်တင်ဖို့အတွက် ပုံမှန်ကိုယ်ကာယလေ့ကျင့်မှု လုပ်ပါလို့ အကြံပေးချင်ပါတယ်။ ယောဂ ကျင့်မလား ၊ အလေးမ မလား ၊ Cardio ကစားမလား နောက်ဆုံး ပုံမှန်ပဲ အပြေးလေ့ကျင့်မလား။ အားလုံးကောင်းပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းတွေဟာ သင့်ကို ကြွက်သားနဲ့ အရိုးအားကောင်းစေတဲ့အပြင် သင့်ရုပ်ကိုပါ ပိုနုပျိုစေပါတယ်။ ကျန်းမာရေး လိုက်စားတာ ဖြစ်လို့ အဆီကျပြီး လူဟာ အရွယ်ကြီးလာတဲ့တိုင်အောင် ဖျတ်လတ်တက်ကြွနေမှာ ဖြစ်ပါတယ်။

(၃) အရွယ်ထက် နည်းနည်းနုအောင် ဝတ်ပါ

Photo: 123RF.com

သင့်အဝတ်အစားပုံစံက Sharp ဖြစ်နေရပါမယ်။ အဝတ်အစားဟာ သင့်အရွယ်နဲ့ သင့်ရုပ်ရည်ကို ပြောင်းလဲပစ်နိုင်ပါတယ်။ သင့်ရဲ့ ယုံကြည်မှုကိုပါ ပြောင်းလဲပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အဝတ်အစားဝတ်မယ်ဆိုရင် Smart Casual ဖြစ်အောင် ဝတ်ပါ။ သပ်ရပ်ပြီး နုပျိုသွားတာကို ချက်ချင်းသိသာပါလိမ့်မယ်။ တကယ်လို့ သင့်ဘေးက လူတွေက တီရှပ်နဲ့ Jeans ဝတ်နေတယ်ဆိုရင် သင်က သင့်ကိုယ်ခန္ဓာနဲ့ လိုက်တဲ့ Sport Shirt ဝတ်လိုက်ရင် သင်က ပိုပြီး နုပျိုသွားတယ်လို့ မြင်စေမှာပါ။

(၄) ဆံပင် ဂရုစိုက်ပါ

Photo: Kangan Institute

မုတ်ဆိတ်နဲ့ ဆံပင်ဒီဇိုင်းကလည်း သင့်ရုပ်ရည်ပေါ် အများကြီး သက်ရောက်ပါတယ်။ မုတ်ဆိတ်ထားမယ်ဆိုရင် သပ်သပ်ရပ်ရပ်ထားပါ။ ဆံပင်ဆိုရင် ပုံစံကောင်းဖို့ Hair Stylist ကောင်းကောင်းဆီ သွားပါ။ မျက်နှာဟာ သင့်ရုပ်ရည်နဲ့ အရွယ်ကို အကဲဖြတ်ရာမှာ အရေးကြီးဆုံး အရာ ဖြစ်လို့ ဒီအချက်ကိုလည်း ဂရုစိုက်ပေးဖို့ မမေ့သင့်ပါဘူး။

ဆံပင် ၊ အဝတ်အစားနဲ့ ကိုယ်ကာယလေ့ကျင့်မှုတွေအပြင် နောက်ထပ် အရေးကြီးတာက သင့်ကိုယ်သင် ငယ်ရွယ်တယ်လို့ တွေးထားဖို့နဲ့ တက်တက်ကြွကြွ နေထိုင်ဖို့လည်း လိုပါတယ်။ ရွှင်လန်းတက်ကြွတဲ့ လူတစ်ယောက်ဟာ လှုပ်ရှားမှုတိုင်းမှာ အသက်ဝင်နေပြီး ရှိရင်းစွဲအရွယ်ထက် နုပျိုနေမှာ အမှန်ပဲ ဖြစ်ပါတယ်။