သင်က မထင်မှတ်ဘဲ အရင် ရည်းစားဟောင်းနဲ့ ပြန်ဆုံလာခဲ့ရင် အလန်းဆုံး မိန်းကလေး တစ်ဦး ဖြစ်ချင်လား။ များသောအားဖြင့် ပြတ်ပြီးကာစ အသည်းကွဲနေတဲ့အချိန် Ex နဲ့ ပြန်ဆုံခဲ့ရင် သင့်ပုံစံက မလန်းမဆန်းနဲ့ အဆင်မပြေ ဖြစ်နေနိုင်ပါတယ်။ သင်က Social Media ပေါ်မှာ ဘယ်လောက်ပဲ မေ့တယ်လို့ Post တင်တင် တကယ် အပြင်မှာ ဆုံလာခဲ့ရင် ရှိသမျှ သတ္တိတွေ ပျောက်သွားတတ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ Ex နဲ့ မထင်မှတ်ဘဲ ဆုံခဲ့ရင် အလန်းဆုံးဖြစ်ပြီး သူ နောင်တရနိုင်လောက်တဲ့အထိ ကြိုးပမ်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။
၁။ ဆံပင်ကို ဂရုစိုက်ပါ
အဝေးက ကြည့်ရင်တောင် ပထမဆုံး မြင်ရမှာ ဆံကေသာပါ။ သင်က Ex နဲ့ ပြန်တွေ့ရမယ်လို့ သိထားတဲ့နေ့ ဆံပင်ကို အထူး ဂရုစိုက်သင့်ပါတယ်။ သင့်ဆံကေသာက အလှဆုံး ဖြစ်နေဖို့ လိုပါတယ်။
၂။ တောက်ပတဲ့ မျက်လုံးတွေ
မျက်လုံးတွေက စိတ်ရဲ့ တံခါးပေါက်ပါ။ သူနဲ့ တွေ့ရင် သင့် မိတ်ကပ် Look က အလှဆုံး ဖြစ်နေဖို့ လိုပါတယ်။ Smoky Eyes Makeup က လေ့ကျင့်သင့်တဲ့ Makeup Look ဖြစ်ပြီး အဓိက က မျက်လုံးလေး လှနေဖို့ ဖြစ်ပါတယ်။
၃။ အသစ်အဆန်း တစ်ခုခု ဆန်းကြည့်ပါ
သင်က Comfort Zone က ထွက်ပြီး အသစ်အဆန်းတွေ မဆန်းကြည့်ချင်ဘူးလား။ သင် မကြိုးစားကြည့်ရင် ဘယ်ပုံစံက သင်နဲ့ လိုက်မှန်း သိနိုင်မှာ မဟုတ်ပါဘူး။ စတိုင် အသစ် ဝတ်ကြည့်တာမျိုး လုပ်နိုင်ပါတယ်။ သင်က ဖက်ရှင်စတိုင်အသစ်နဲ့ လန်းနေရင် သူသင့်ကို ဘာကြောင့် ထားခဲ့ရလဲ အကြောင်းအရင်းကို ပြန်ရှာနေရမှာ မလွဲပါပဲ။
၄။ သူ သိပါစေ
ရည်းစားဟောင်းနဲ့ မျက်နှာချင်းဆိုင်ရမှာ ကြောက်လို့၊ မျက်လုံးချင်း ဆိုင်ရမှာ ကြောက်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ မတိမ်းရှောင်သင့်ပါဘူး။ သင်က သူ့ကြောင့် နာကျင်နေရမှန်း လုံးဝ မမြင်အောင် နေသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိထားကာ ပုံမှန်အတိုင်းပဲ နေသင့်ပါတယ်။ သူ့ကို သင်ရှိမှန်း သိအောင် စကားသွားပြောစရာလည်း မလိုပါဘူး။ ပြုံးရုံနဲ့တင် လုံလောက်ပါတယ်။
၅။ တိုတိုနဲ့ လိုရင်းပြောပါ
သူနဲ့ မဖြစ်မနေ စကားပြောရမယ်ဆိုရင်လည်း သင်က စကားကို ခဏတာပဲ ပြောသင့်ပါတယ်။ သင် နာကျင်နေဆဲဖြစ်ကြောင်း အရိပ်အယောင်ကို လုံးဝ မပြသင့်ပါဘူး။ စကားစကို ဖြတ်ပြီး တခြား နေရာဆီ ဦးတည်သင့်ပါတယ်။
၆။ ပျော်ပျော်နေပါ
သင်က သင့်ရည်းစားဟောင်းနဲ့ တစ်နေရာတည်း ရှိနေရင်တောင် စိတ်ကို တင်းထားတာမျိုး မလုပ်သင့်ပါဘူး။ သင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စိတ်လွတ်ကိုယ်လွတ်နေတာ၊ သင့်ကိုယ်သင်ပဲ အာရုံစိုက်တာတွေ လုပ်သင့်ပါတယ်။
သူက သင့်ကို ကြည့်နေရင်လည်း သင့်အထာနဲ့ပဲ သင်နေပါ။ ဒီလိုဆိုရင် သူက သဝန်တောင် တိုနိုင်ပါသေးတယ်။
Photo Source: Pinterest
By MyStyle Myanmar