အခုဆိုရင် မုတ်သုံရာသီက မိုးနဲ့အတူ စိုထိုင်းဆများစွာကို သယ်ဆောင်လို့ ရောက်ရှိလာပါပြီ။ ဒီလို စိုထိုင်းဆတွေများလွန်းတဲ့ မိုးရာသီမှာ သင့်အသားအရေနဲ့သင့်တော်တဲ့ Skincare Routine တွေကို သုံးပေးသင့်ပါတယ်။
မနက်အိပ်ရာနိုးတာနဲ့ အသားအရေကို သန့်စင်ဖို့က အရေးကြီးပါတယ်။
အသားအရေကို အစိုဓာတ်ထိန်းပေးတဲ့နေရာမှာ ကူညီပေးနိုင်ဖို့ greasy မဖြစ်တဲ့ Moisturisers ကို သုံးပေးပါ။
Sunscreen ဟာ ရာသီတိုင်းမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အသားအရေကို တစ်နေ့တာလုံး စိုစွတ်ပြီး စေးကပ်မှုမဖြစ်အောင် ဂျယ်လ်အခြေခံထားတဲ့ Sunscreen ကို သုံးပေးပါ။
မိတ်ကပ်လိမ်းရင်တောင်မှ အရေပြားကို ပေါ့ပါးစေဖို့အတွက် Comedogenic မဟုတ်တဲ့ ရေစိုခံပစ္စည်းတွေကို အသုံးပြုပါ။
Moisturizer မသုံးခင်မှာ သင့်အသားအရေအမျိုးအစားပေါ်မူတည်ပြီး အစွမ်းထက်တဲ့ Serum ကိုသုံးပါ။
ညဘက်မှာ တနေ့တာလုံးစုပုံလာတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစေဖို့ နှစ်ဆသန့်ရှင်းပေးပါ။ အရင်ဆုံး မိတ်ကပ်ဖျက်ဖို့ Cleanser ကိုသုံးပါ၊ ပြီးရင် နူးညံ့တဲ့ အမြှုပ်ထွက်တဲ့ မျက်နှာသစ်ဆေးကို သုံးပါ။
နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝစေပြီး အစိုဓာတ်ထိန်းပေးဖို့အတွက် Lip Balm ကို လိမ်းပေးပါ။