ဘယ်အချိန်ကြည့်ကြည့် အသက် ၂၅ နှစ်ထက် ပိုမကြီးဘူးလို့ ထင်ရအောင် နုပျိုချင်ပါသလား။ အကောင်းဆုံး အကြံပေးချင်တာက သင့်အသားအရေကို ပိုဂရုစိုက်ဖို့ပါပဲ။ အရွယ်တင်ပြီး တင်းရင်း စိုပြေတဲ့ အသားအရေဟာ သင့်ကို ရှိရင်းစွဲအသက်ထက် ပိုပြီး ပျိုမြစ်နုနယ်စေမှာ အမှန်ပါပဲ။ ဒီတော့ Skin Care ကို ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အချက်တွေကို မျှဝေချင်ပါတယ်။

(၁) တစ်ရက်နှစ်ကြိမ် မျက်နှာသစ်ပါ

Photo : Allure

လွယ်ပါတယ်။ နေ့တိုင်း တစ်ရက်ကို နှစ်ကြိမ်တော့ မျက်နှာသစ်ပါ။ ဒါမှမဟုတ် ရေချိုးပါ။ မျက်နှာသစ်မယ်ဆိုရင်လည်း ဖြစ်သလို သစ်တာမျိုး မဟုတ်ဘဲ အညစ်အကြေးနဲ့ ဆဲလ်သေတွေ ဖယ်ရှားနိုင်စေဖို့ Face Wash ကောင်းကောင်း သုံးပါ။

အဆီများတဲ့ အသားအရေတွေအတွက် Oil-Free ဖြစ်တဲ့ မျက်နှာသစ်ဆေးသုံးဖို့ လိုပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေက Cream-based Cleanser မျိုးကို သုံးသင့်ပါတယ်။ ကိုယ်က ပုံမှန်အသားအရေပိုင်ရှင်တွေဆိုရင်တော့ ပြဿနာမရှိပါဘူး ။ နည်းနည်း ပျော့တဲ့ Mild Cleanser မျိုး သုံးဖို့ အကြံပေးချင်ပါတယ်။

(၂) ရေဓါတ်ဖြည့်ပါ

Photo : Well+Good

အသားအရေ ကြည်လင်ဝင်းပဖို့ ရေဓါတ်လိုပါတယ်။ ရေကို လုံလောက်အောင် အမြဲ သောက်သုံးပေးဖို့ လိုသလို Skin Moisturizer မျိုးလည်း သုံးပေးသင့်ပါတယ်။ အသားအရေ အလွန်အမင်း ခြောက်သွေ့တဲ့ သူဆိုရင် Cream-Based Moisturizer မျိုး သုံးဖို့လည်း လိုပါတယ်။

မနက်ပိုင်းမှာ Moisturizer သုံးတာက တစ်နေ့လုံး အသားအရေကို ရေဓါတ်ဖြည့်ပေးနေဖို့ ဖြစ်ပြီး ညအိပ်ရာဝင် Moisturizer သုံးတာက အသားအရေဆဲလ်တွေ ပြုပြင်ဖို့နဲ့ အသစ်အသစ်တွေ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ Bedtime Moisturizer သုံးခြင်းဟာ အသားအရေကို စိုပြေနူးညံ့စေပြီး နောက်တစ်နေ့အတွက် အသားအရေကို ပိုကြည်လင်အားကောင်းစေပါတယ်။

(၃) အိပ်ရေးဝအောင် အိပ်ပါ

Photo : Martha Stewart

ရေလုံလောက်အောင် သောက်ခြင်းဟာ အသားအရေကြည်လင်ကျန်းမာစေသလိုပဲ အိပ်စက်မှုကလည်း အသားအရေပေါ် သက်ရောက်မှု ရှိပါတယ်။ အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်းဟာာ ခန္ဓာကိုယ်ကို အလိုအလျောက် ပြန်သန်စွမ်းအောင် ပြုပြင်နေတာပဲ ဖြစ်ပါတယ်။ ဒီထဲမှာ အသားအရေလည်း ပါဝင်ပါတယ်။

(၄) အသီးအရွက် နဲ့ မျှတတဲ့ အာဟာရစားပါ

Photo : Hardworkout

အသားအရေကောင်းချင်သူတွေဟာ အစားအသောက်ကိုလည်း အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေ ရအောင် စားပေးသင့်ပါတယ်။ သင့်အသားအရေဟာ ကော်လာဂျင်တွေ ပေါင်းစပ်နိုင်ဖို့ ဗိုက်တာမင်အီးနဲ့ စီလိုပါတယ်။ ဓါတ်တိုးဆန့်ကျင်မယ့် ဗိုက်တာမင်အေ ၊အိုမီဂါသရီးဖက်တီးအက်ဆစ်လိုမျိုး ဖက်တီးအက်ဆစ်တွေ လိုအပ်ပါတယ်။

ဒါ့ကြောင့် တစ်နေ့တာ အာဟာရဇယားထဲမှာ အနီရောင် ၊ အစိမ်းနဲ့ အဝါရောင် အသီးအနှံတွေ ပါဝင်အောင် စားပေးသင့်ပါတယ်။ အနီရောင်ရှိတဲ့ ပန်းသီး ၊ ခရမ်းချဉ်သီးနဲ့ မုန်လာဥနီ ၊ အစိမ်းရောင်ရှိတဲ့ ပန်းဂေါ်ဖီစိမ်း ၊ ဟင်းနုနွယ်ရွက်များ ၊ အဝါရောင်ရှိတဲ့ သံပရာ ၊ သရက် ၊ ဖရုံနဲ့ သင်္ဘောသီးများ စားပေးဖို့ တိုက်တွန်းချင်ပါတယ်။

ရှောင်သင့်တာက သကြားအများကြီး မစားမိဖို့ ၊ အသင့်စား အစားအစာတွေ (ပီဇာ နဲ့ အချိုကဲတဲ့ မုန့်များ) ၊ ဆီကြော်စာများ ၊ ဆေးလိပ်နဲ့ အရက်သေစာတို့ ဖြစ်ပါတယ်။ ကိုယ်တွင်းနဲ့ ချွေးပုပ်တွေ ထွက်ပြီး အသားအရေ ကြည်လင်ဖို့ အားကစားလုပ်ပါ။ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျှော့ချပါ။ ဒါဆိုရင် အသက် ကြီးပေမယ့် အမြဲပဲ နုပျိုနေမှာ ဖြစ်ပါတယ်။