အသက်ကြီးလာတာ အိုမင်းလာတာက လူတိုင်း မကြုံချင်တဲ့အရာပါ။ ဒါပေမဲ့ ကြုံရမှာပါပဲ။ အသက်ကို ဉာဏ်ကစောင့်တယ်ဆိုတဲ့ စကားအတိုင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာက အသက်ရှည်ရှည်နေနိုင်မယ့် နည်းလမ်းပါ။ ဒီတော့ အသက်ကြီးတဲ့အထိ ကျန်းကျန်းမာမာ နေချင်တယ်ဆိုရင်တော့ ဒီအကြံပြုချက်တွေကို လိုက်နာပေးပါနော်။

၁။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက အသက်တိုစေပါတယ်။ ကိုယ်က ဆေးလိပ်သောက်တယ်ဆိုရင် ကိုယ်တစ်ယောက်တည်း ခံရမှာမဟုတ်ပါဘူး။ ကိုယ့်ဘေးနားက ဆေးလိပ်နံ့ရှုရှိုက်မိတဲ့ ကိုယ့်မိသားစုဝင်တွေလည်း ထိခိုက်မှာပါ။

၂။ ဝိုင်များများမသောက်ပါနဲ့

ဝိုင်အနညး်ငယ်သောက်တာက ကျန်းမာစေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ ဒါပေမဲ့ ဝိုင်အသောက်များရင်တော့ ကင်ဆာဖြစ်နိုင်ချေ များပြားစေပါတယ်။


၃။ ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ

ကမ္ဘာတစ်ဝန်း တစ်နှစ်အတွင်း သေဆုံးမှုများစွာက အဝလွန်ခြင်းကြောင့်ဖြစ်တာပါ။ ဒါကြောင့် ကိုယ်အလေးချိန် မတက်စေဖို့ ဂရုစိုက်ပေးပါ။ Healthy Diet စားပေးပါ။

၄။ သွေးပေါင်ချိန်တိုင်းပါ

သွေးပေါင်ချိန်တက်နေတဲ့အချိန် ကိုယ်တိုင်တောင် သတိမထားမိတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါလောက် သွေးပေါင်ချိန် ပုံမှန်တိုင်းပေးပါ။


၅။ အသားအရေထိန်းသိမး်ပါ

Sun-cream ပုံမှန်လိမ်းပေးပါ။ အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။ ကိုယ့်ခန္ဓာကိုယ်မှာ နာကျင်မှုရှိလား၊ အကျိတ်ရှိလား စတာတွေကို အမြဲစောင့်ကြည့်ပြီး ဂရုစိုက်ပေးပါ။


၆။ Pap Smear စစ်ဆေးပါ

Pap Smear စစ်တယ်ဆိုတာ သားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးတာပါ။ သားအိမ်ခေါင်းကင်ဆာရောဂါက မဖြစ်လာခင် ကြိုတင် စစ်ဆေးကာကွယ်ထားမှ တော်ရာကျမှာပါ။

၇။ နယ်မှာ အခြေချပါ

လေ့လာသူတွေက နယ်မှာ နေတဲ့သူတွေက မြို့ပြတွေမှာ နေသူတွေထက် ၆ နှစ်စာ အသက်ပိုရှည်တယ်လို့ ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ လတ်ဆတ်တဲ့လေထု၊ လတ်ဆတ်တဲ့ အသီးအနှံတွေကြောင့်ပါ။ ဒါကြောင့် သင့်အနေနဲ့ အသက်အရွယ်ရလို့ ပိုက်ဆံ ရှိတဲ့အချိန် နယ်ဘက်မှာ အေးအေးဆေးဆေး အခြေချမယ်ဆိုရင် ပိုကောင်းပါတယ်။


၈။ ချောကလက်စားပေးပါ

အနက်ရောင်ချော့ကလက်က နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အက်တီအောက်ဆီးဒင့်ကို ထုတ်ပေးပါတယ်။ အဖြူရောင်ချော့ကလက်ကိုတော့ တက်နိုင်သလောက် မစားပါနဲ့။

သင့်အနေနဲ့ကောကိုယ့်ကျန်းမာရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်ဖြစ်လဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar