ဘယ်လိုရာသီပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ရာသီအကုန်လုံးက ပူအိုက်တာများလို့ အရေပြားတွေယားယံပြီး အင်္ကျီလက်ရှည်တွေဆို သိပ်ဝတ်လို့အဆင်မပြေပါဘူး။ ဒါ့ကြောင့် အင်္ကျီ လက်ပြတ်လှလှလေးတွေ ဝတ်နိုင်ဖို့ဆိုရင် ချိုင်းကြားအသားအရေလေး ဖြူဝင်းနေဖို့လိုတာပေါ့နော်။

အခန့်မသင့်လို့ဖြစ်ဖြစ် အချိန်ကြာမြင့်စွာ ဂရုမစိုက်မိဘဲ ပစ်ထားမိလို့ ကိုယ့်ရဲ့ချိုင်းကြားအသားအရေက မည်းညစ်လာပြီဆိုရင်တော့ ပြန်လည်ဖြူဝင်းလာစေ ဖို့အတွက် အိမ်တွင်းနည်းလမ်းလေးတွေကို စတင်အသုံးပြုသင့်ပါပြီ။

နည်းလမ်း (၁) − လီမွန်

ပါးပါးလှီးထားတဲ့ လီမွန်အခြမ်းလေးတွေကို ရေမချိုးခင် ချိုင်းမှာပွတ်ပေးပါ။ ပြီးရင် ၅ မိနစ်ခဏထားပြီး ရေနဲ့သန့်စင်ဆေးကြောပါ။ လီမွန်က အသားအရေကို ခြောက်သွေ့စေနိုင်တာမို့ ရေချိုးပြီးပြီဆိုတာနဲ့ Moisturizer လိမ်းပေးရပါမယ်။ ဒီနည်းလမ်းလေးကို နေ့စဥ်နေ့တိုင်း ၁၅ ရက်ကြာ ပြုလုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်တွေကို မြင်တွေ့လာရမှာပါ။

နည်းလမ်း (၂) − အာလူး

အာလူးကိုလည်း ပုံမှာပြထားသလို အခွံခွာပြီး အခြမ်းလေးတွေ လှီးလိုက်ပါ။ ပြီးရင် ချိုင်းမှာပွတ်ပေးပါ။ အာလူးအရည်ကို အသားထဲစိမ့်ဝင်သွားအောင်လို့ မိနစ် ၂၀ သို့မဟုတ် ၂၅ မိနစ်ကြာထားပြီး ရေနွေးနွေးလေးနဲ့ သန့်စင်ဆေးကြောပါ။ နေ့စဥ် ဒီအတိုင်း ပြုလုပ်သွားနိုင်ပါတယ်။

နည်းလမ်း (၃) − နို့

စားပွဲတင်ဇွန်း ၂ ဇွန်းစာရှိတဲ့ နွားနို့ကို ပန်းကန်လုံးအသေးတစ်ခုထဲထည့်လိုက်ပါ။ နို့ထဲ ဂွမ်းစလုံးကို နှစ်လိုက်ပြီး ချိုင်းမှာပွတ်ပေးပါ။ ၁၅ မိနစ် ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ သန့်စင်ပါ။ ၃ ပတ်ကြာ မပျက်မကွက် မှန်မှန်ပြုလုပ်သွားမယ်ဆိုရင် အကောင်းဆုံးရလဒ်တွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Source: FabHow

By MyStyle Myanmar