ကိုယ်စိတ်ကူးထားတဲ့ ချစ်သူပုံစံမျိုးဆိုတာ လူတိုင်းမှာရှိပါတယ်။ တွဲသမျှသူတိုင်းကတော့ ကိုယ်လိုချင်တဲ့ပုံစံမျိုး မဖြစ်နိုင်ပေမယ့် တစ်ချိန်မှာတော့ ကိုယ့်ဘေးနားရောက်လာမှာပါပဲ။ ကိုယ်စိတ်ကူးထားတဲ့ချစ်သူပုံစံမျိုးကို ရရှိနေပြီဆိုရင်တော့ သင့်မှာ ဒီလိုအချက်တွေ သိသိသာသာပြောင်းလဲဖြစ်ပေါ်လာပါလိမ့်မယ်။

ပျော်ရွှင်ကြည်နူးရတယ်

သူ့ကြောင့်မို့လို့ ခဏခဏပျော်ရွှင်ကြည်နူးရတယ်။ သူနဲ့တွေ့လိုက်တိုင်း၊ စကားပြောလိုက်တိုင်းမှာလည်း အမြဲပြုံးပျော်နေရတယ်။ ပြန်တွေးလိုက်တိုင်းမှာလည်း ကြည်နူးစရာတွေများနေတယ်။ တွေ့ပြီးရင်းတွေ့ချင်နေတယ်။ ဒီလူကိုပိုင်ဆိုင်ထားရတာ ကံကောင်းလိုက်တာလို့ တွေးမိလာတယ်။ ဒီလိုအချက်တွေဖြစ်နေပြီဆိုရင်တော့ သင်လိုချင်ခဲ့တဲ့ ချစ်သူပုံစံမျိုး ဖြစ်နေလို့ပါပဲ။

စိတ်ချမ်းသာရတယ်

သူ့ကြောင့်မို့လို့ စိတ်ချမ်းသာရတာများတယ်။ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေက မရှိသလောက်နည်းလာတယ်။ ကိုယ်မကြိုက်တာတွေလုပ်လို့ စိတ်ဆိုးစိတ်ကောက်ပြီး ရန်ဖြစ်ရတာတွေလည်း နည်းတယ်။ သူ့ကြောင့်မို့လို့ ပူလောင်ရတာ၊ စိတ်ညစ်ရတာတွေလည်း မရှိတာများတယ်။ အမြဲစိတ်ချမ်းသာရတာများတယ်ဆိုရင်တော့ သင့်စိတ်ကူးထဲကချစ်သူပုံစံမျိုး ဖြစ်နေပါပြီ။

ဘဝလက်တွဲဖော်အထိစဉ်းစားထားတယ်

ဘယ်သူကမှ ကိုယ်စိတ်ကူးထားတဲ့ပုံစံမျိုးနဲ့မတူပဲ ကွဲပြားနေတဲ့သူကို စိတ်ညစ်ခံပြီး ဘဝလက်တွဲဖော်ဖြစ်ဖို့အထိ မစဉ်းစားပါဘူး။ ကိုယ့်မကြိုက်တာတွေများနေပေမယ့်လည်း အရမ်းချစ်နေလို့ မခွဲနိုင်တာပဲရှိမယ်၊ ဘဝလက်တွဲဖော်ဖြစ်ဖို့အထိတော့ သိပ်မစဉ်းစားကြပါဘူး။ ကိုယ်စိတ်ကူးထားတဲပုံစံမျိုးလေးနဲ့ ကိုက်ညီနေမှ သူနဲ့နေရတာစိတ်ချမ်းသာတယ်၊ ပျော်ရွှင်ရတယ်လို့ တွေးမိကြမှသာ ဘဝလက်တွဲဖော်ဖြစ်ဖို့အထိ သေချာစဉ်းစားတတ်ကြပါတယ်။

photo source: www.freepik.com