ဆံပင်ဆေးဆိုးတဲ့သူတိုင်းကတော့ ဆံပင်အရောင်အသစ်ဆိုးပြီးရင် အရောင်ကြာကြာမြဲချင်ကြတာပါပဲ ။ ဒါတွေကတော့ ဆိုးထားတဲ့ ဆံပင်အရောင်မလွင့်အောင် ဂရုစိုက်ရမယ့်အချက်တွေပါ။ ဒီအချက်တွေကို ဂရုစိုက်ပေးရင် သင့်ဆံပင်အရောင်လွင့်တာ မမြန်စေဖို့ ကူညီပေးမှာပါ။

ခေါင်းမလျှော်ပါနဲ့

ဆိုင်ကနေ ဆံပင်ဆိုးပြန်လာရင် အရောင်တွေ ဆံပင်ထဲ သေချာစိမ့်ဝင်သွားအောင်လို့ အနည်းဆုံး 24 နာရီစောင့်ပြီးမှ ခေါင်းလျှော်ပါ။ လျှော်ရင်လည်း ရေအေးနဲ့လျှော်ပြီး ဦးရေပြားကို လက်ချောင်းထိပ်တွေနဲ့ ပွတ်ပေးပါ။

Colour Shampoo သုံးပေးပါ

ခေါင်းလျှော်တဲ့အခါ ဆေးဆိုးထားတဲ့ဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ Colour Shampoo ကိုသုံးပေးပါ။ ဒါမှ ဆံပင်အရောင်ကျတာကို ကာကွယ်ပေးပြီး တောက်ပြောင်စေမှာပါ။

ရေအေးသုံးပါ

 

ရေအပူက ဆံသားကို ခြောက်သွေ့စေပြီး မွဲခြောက်စေတာမလို့ ဆိုးထားတဲ့ဆံပင်အရောင် တာရှည်ခံစေဖို့ ခေါင်းလျှော်တဲ့အခါ ရေအေးနဲ့လျှော်ပေးပါ။

ရိုးရိုးရေနဲ့လျှော်ပါ

ခေါင်းလျှော်တဲ့အခါ Shampoo မသုံးဘဲ ရိုးရိုးရေနဲ့ဘဲလျှော်တာကလည်း အရောင်ကို ကြာရှည်ခံအောင် ကူညီပေးပါလိမ့်မယ်။

Conditioner သုံးပါ

Conditioner က ဆံသားကို ချောမွေ့စေပြီး ရေဓာတ်ထိန်းသိမ်းဖို့ ကူညီပေးတာကြောင့် ဆံသားပျက်စီးတာကို ကာကွယ်ဖို့ ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးပေးပါ။

Heat Styling လျှော့ပါ

ဆံပင်အရောင်ကို ကြာရှည်ခံဖို့အတွက် သင့်ဆံပင်ကို အပူဒဏ်၊ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ။ ဒါ့အပြင် Heat Styling Products တွေ သုံးမယ်ဆိုရင် Heat Protectant Spray မဖြစ်မနေဖြန်းပေးပါ။ ခေါင်းလျှော်ပြီးတိုင်း သဘာဝလေနဲ့ အခြောက်ခံပါ။