တစ်ချို့သူတွေဟာ အသက်ကြီးတဲ့ အထိ အံ့ဩလောက်အောင် မှတ်ဉာဏ်ကောင်းကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာ တစ်နေ့ကို ၂၄ နာရီလုံးလုံး သတင်းအချက်အလက်တွေနဲ့ ပြည့်နှက်နေတာဖြစ်လို့ အလုပ်များလွန်းလှတဲ့ မှတ်သားဉာဏ်ဟာ အသက်ကြီးလေလေ ထိခိုက်ပျက်စီးလာလေလေ ဖြစ်ပါတယ်။
ဦးနှောက်အာရုံကြောစွမ်းအား ထက်မြက်အားကောင်းခြင်းဟာ သက်ရှည်ကျန်းမာနေနိုင်ဖို့အတွက် အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်ဘဝ ပြဿနာတွေကိုပါ ထိထိရောက်ရောက် ဖြေရှင်းဖို့အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်စွမ်းအားကောင်းဖို့ လိုက်နာသင့်တဲ့ အချက်တစ်ချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
(၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ
Photo : Boston Magazine
မှတ်သားဉာဏ်ထက်သန်ဖို့အတွက် ကိုယ်ကာယလုပ်ရှားမှုနဲ့ အိပ်စက်မှု ပုံစံမှန်ဖို့က အရေးကြီးပါတယ်။ ၂၀၁၉ ခုနှစ်က လေ့လာမှုတစ်ခုမှာ ၂ မိနစ်လောက် လမ်းလျှောက်ပေးခြင်းဟာ သိမှုစွမ်းရည်ကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ သွေးဟာ ဦးနှောက်ထဲ စီးဆင်းမှု မြင့်လာခြင်းဟာ ဦးနှောက်ဆဲလ်တွေထဲက ပရိုတိန်းတွေအတွက် အင်မတန်ကောင်းမွန်စေလို့ ဖြစ်ပါတယ်။ အိပ်စက်ခြင်းကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးပါပါတယ်။ အိပ်ရေးဝဝ အိပ်စက်သူတွေဟာ ပိုပြီး မှတ်သားသိရှိမှုစွမ်းရည် ပိုမြင့်တယ်လို့လည်း လေ့လာမှုတွေက ဆိုပါတယ်။
(၁) ရေဓါတ်ဖြည့်တင်းခြင်း
Photo : Maxi
ကိုယ်တွင်းရေဓါတ်ထဲက ၂ % ကျဆင်းရုံနဲ့တင် မှတ်သားမှုစွမ်းရည် ကျဆင်းစေနိုင်တယ်လို့ ဇီဝပညာရှင်နဲ့ Hydrant ကို တည်ထောင်သူ ဂျွန်ရှီယာဝင်းက ပြောပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်ပြည့်ဝသလားဆိုတာ သိဖို့ အလွယ်ဆုံးနည်းက ဆီးအရောင်ဟာ ကြည်လင်နေသလားဆိုတာပဲ ဖြစ်ပါတယ်။
(၃) အစားအသောက်
Photo : Ohga!
ဦးနှောက်စွမ်းအားကို အစားအသောက်နဲ့ မြှင့်ပေးလို့ ရပါတယ်။ ကြက်ဥ ၊ အစေ့အဆံနဲ့ အသားတွေဟာ မှတ်ဉာဏ်ကောင်းစေဖို့ အထောက်အကူဖြစ်တဲ့ Choline ဓါတ်ပေးပါတယ်။ ဆယ်လ်မွန် ၊ ထရော့တ် ၊ ငါးကွမ်းရှပ် နဲ့ ဆာဒင်းငါးတွေက အိုမီဂါဖက်တီး သရီးအက်ဆစ်ဓါတ် ကြွယ်ဝတာကြောင့် ဦးနှောက်အတွက် ကောင်းတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ နောက်ထပ် စားပေးသင့်တဲ့ အစားအစာတွေက ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အသီးအနှံများ ၊ စတော်ဘယ်ရီ ၊ ပန်းဂေါ်ဖီစိမ်း ၊ ဗိုက်တာမင်အီးကြွယ်ဝတဲ့ အစေ့အဆံများ ၊ ကောက်ပဲသီးနှံများ ၊ ငါးဆီနှင့် ဟင်းသီးဟင်းရွက်များ နဲ့ ဗီတာကာရိုတင်းဓါတ် ပြည့်ဝတဲ့ နွားနို့ ၊ မုန်လာဥ ၊ မက်မွန်နဲ့ ကြက်ဥ အနှစ်တို့ပဲ ဖြစ်ပါတယ်။
(၄) လုပ်ပေးသင့်တဲ့ အလုပ်လေးတွေ
Photo : Rawpixel
ဦးနှောက်ကောင်းချင်ရင် Jigsaw ၊ Sudoku နဲ့ Scrabble စကားလုံးဆက်ဂိမ်းတွေ ကစားသင့်ပါတယ်။ ဘာသာစကားသစ်တွေ သင်ကြားတာကလည်း ဦးနှောက်သိမှုစွမ်းရည် မြင့်လာစေပါတယ်။ ဝါသနာပါတာလေးတွေကို အားလပ်ချိန်တိုင်း အကောင်အထည်ဖော်ပြီး ဦးနှောက်ကို အလုပ်ပေးတဲ့ ကျပန်းစကားပြောတာ ၊ စစ်တုရင်ကစားတာနဲ့ စာဖတ်တာမျိုး လုပ်သင့်ပါတယ်။