တေးဂီတမှာ လူတို့ရဲ့စိတ်ခံစားချက်ကိုဖွင့်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ဂီတအမျိုးအစားက လူတွေရဲ့စိတ်နဲ့ခန္ဓာအတွက် ကောင်းတဲ့အကျိုးသက်ရောက်မှုတွေတောင်ပေးပါတယ်။ ဒါဆို တေးဂီတရဲ့ ဘယ်လိုအချက်တွေက ကောင်းစေတာလဲဆိုတာလေ့လာကြည့်ရအောင်။

(၁) ဂီတကလူတိုင်းကိုလွှမ်းမိုးထားနိုင်တယ်

Source : Daily Mirror

တေးဂီတဟာ ကလေးဘဝကနေ အသက်ကြီးတဲ့အထိလွှမ်းမိုးမှုရှိပြီး မွေးကင်းစကလေးတွေလဲ ဂီတကိုခံစား တတ်တယ်ဆိုတာကို လေ့လာတွေ့ရှိချက်တွေအရသိနိုင်ပါတယ်။ ဂီတဟာ ကလေးတွေရဲ့စိတ်ကိုငြိမ်းချမ်းစေပြီး သူတို့ရဲ့ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ကလေးတွေကို သာယာတဲ့သီချင်းသံဖွင့် ပေးပြီးမကြာခင်မှာပဲ အိပ်ငိုက်လာတတ်ကြပါတယ်။ အသက်ကြီးသူတွေနဲ့ စိတ်ဖောက်ပြန်နေတဲ့သူတွေကို ဂီတကုထုံးနဲ့ကုသပြီးတဲ့နောက် စိတ်ဖိစီးမှုအဆင့်နဲ့ ရန်လိုမှုနည်းသွားတာကိုလဲ တွေ့ရပါတယ်။

(၂) ဂီတက Dopamine ဟော်မုန်းကိုတိုးစေတယ်

Source : Well+Good

သင်အကြိုက်ဆုံးသီချင်းကို ကြားရတဲ့အခါ ဘယ်လိုစိတ်ခံစားမှုဖြစ်လဲဆိုတာကို စဉ်းစားကြည့်ပါ။ သင်သဘော ကျတဲ့ သံစဉ်တခုကိုကြားတဲ့အခါ သင့်ဦးနှောက်ကပျော်ရွှင်ခဲ့တဲ့မှတ်ဉာဏ်ကို ပြန်သတိရစေပါတယ်။ ဒါက ဂီတကနေရရှိတဲ့ လွမ်းဆွတ်မှုနဲ့ပျော်ရွှင်မှုခံစားချက်တွေက ဦးနှောက်ထဲက Dopamine ဟော်မုန်းထုတ်လွှတ်မှုကိုတိုး စေပြီး လက်ရှိမှာလည်း စိတ်ပျော်ရွှင်မှုကိုခံစားရစေတဲ့အချက်ပါ။ ဒါ့ကြောင့် သင့်ရင်ထဲကသဘောကျတဲ့ ဂီတအမျိုးအစားကို နားထောင်တာက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေနိုင်ပါတယ်။

(၃) ဂီတကနာကျင်မှုကိုလျော့ကျစေတယ်

Source : Freepik

ဂီတက ကင်ဆာရောဂါသည်လိုလူနာတွေဆေးကုသမှုခံယူနေတဲ့အချိန်မှာတောင် ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ လူနာတွေ ကုသမှုခံယူ နေတဲ့အချိန် စိတ်တည်ငြိမ်စေတဲ့တေးဂီတသံဖွင့်ပေးထားတဲ့အခါ စိတ်ဖိစီးမှုလျော့ကျပြီး ကိုယ်ခံစွမ်းအားမြင့်စေတဲ့အတွက် စိတ်ရောကိုယ်ပါ တည်ငြိမ်မှုရစေတာတွေ့ရပါတယ်။
ဒါ့ကြောင့် တေးဂီတကိုဖျော်ဖြေရေးအနေနဲ့သာမက ကျန်းမာရေးဆိုင်ရာအခြေအနေတွေမှာလဲ အသုံးပြုကြပါတယ်။

(၄) ဂီတကသင့်ရဲ့ ဖန်တီးနိုင်စွမ်းကိုမြင့်စေတယ်

Source : Metro

တေးဂီတက နာကျင်မှုကိုသက်သာစေတဲ့စွမ်းရည်တွေအပြင် လုပ်ငန်းခွင်နဲ့ကျောင်းပညာရေးမှာလဲ အထောက် အကူပြုပါတယ်။ ကလေးတွေကို သူတို့ရဲ့အိမ်စာတွေပိုပြီးစေသလို ဆယ်ကျော်သက်တွေနဲ့လူကြီးတွေကိုလဲ သူတို့ရဲ့အလုပ်တာဝန်တွေအပေါ်ပိုအာရုံစူးစိုက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ အရေးကြီးတဲ့လုပ်ငန်းတာဝန် တခုအတွက် စိုးရိမ်စိတ်တွေများပြီး စိတ်အေးအေး ထားလို့မရတဲ့အခါ သီချင်းတပုဒ် ဒါမှမဟုတ် ဂီတသံစဉ်တခု ကသင့်ကိုကူညီနိုင်မှာပါ။ ဂီတနဲ့အတူကခုန်တာ၊ စီးချက်နဲ့အညီခန္ဓာကိုယ်ကိုလှုပ်လျားတဲ့အခါ သင့်ရဲ့စိတ်နဲ့ခန္ဓာ လွတ်လပ်ပေါ့ပါးမှုကိုခံစားရမှာပါ။