လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြစမြဲပါ။ သင့်ရည်မှန်းချက် အိပ်မက်ကကော? သင့်အိပ်မက်တွေအကော ကောင်အထည်ဖော်ပြီးပြီလား? အကောင်အထည်ဖော်ဖို့ ကြိုးစားနေတုန်းလား? ဒါမှမဟုတ် သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတာလား? ဒါဆိုရင်တော့ သင့်ကိုယ်သင် ယုံကြည်ချက် အပြည့်နဲ့ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Self-Care လေ့ကျင့်ပါ

သင်စိတ်ချမ်းသာမယ့်အရာတွေကို ပြုလုပ်ပေးပါ။ သင်ဟာ ဖက်ရှင်ကျကျနေတတ်တယ်ဆိုရင် သင့်အတွက် အသင့်တော်ဆုံးပုံစံကို ဝတ်ဆင်ပေးပါ။သင့်ကိုယ်သင် အကောင်းဆုံး ဖြစ်နေပြီလို့ ခံစားရတဲ့အချိန်က သင့်ရဲ့အကောင်းဆုံးပုံစံပါ။

လေ့ကျင့်ခန်းလုပ်ပေးပါ

ကျန်းမာရေးကောင်းဖို့အတွက် တစ်ပတ်ကို  တစ်နေ့ မိနစ် ၃၀ အများဆုံးလေ့ကျင့်ခန်းလုပ်ပေးပါ။ တင်းနစ်ကစားတာမျိုး ဒါမှမဟုတ်  သူငယ်ချင်းတစ်ယောက်နဲ့ လမ်းလျှောက် ထွက်တာမျိုး လုပ်ပေးသင့် ပါတယ်။ ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာစေပါတယ်။

အိပ်ချိန်မှန်မှန်အိပ်ပါ

အရွယ်ရောက်ပြီးသားသူတစ်ယောက်က အနည်းဆုံး အိပ်ချိန် ၇ နာရီ လိုအပ်ပြီး ဆယ်ကျော်သက် တွေက အိပ်ချိန် ၈ နာရီမှ ၁၀ နာရီကြား လိုအပ်ပါတယ်။ နေ့တိုင်း အချိန်မှန်မှန် အိပ်ရာဝင်တာက အလေ့အကျင့်ကောင်းတစ်ခုဖြစ်မလို့ သင့်ကိုလွယ်လွယ်ကူကူအိပ်ပျော်စေပြီး မနက်အိပ်ရာထဖို့ အတွက် အဆင်သင့်ဖြစ်စေပါတယ်။

တရားထိုင်ပေးပါ

တည်ငြိမ်တဲ့စိတ်ရှိခြင်းက သင့်ကိုယ်သင် ပိုသိလာစေဖို့ ကူညီပေးတဲ့အတွက် သင့်ကိုယ်သင် ယုံကြည်မှုကို တိုးစေပါတယ်။ တရားထိုင်ဖို့အတွက် နေရာမရွေးဘဲ ဘယ်နေရာမှာမဆို အလွယ်တကူလုပ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ သင်ယူပါ

လူတိုင်းက တစ်ခုခုမှာ တစ်ခုမဟုတ်တစ်ခုမှာ တော်တတ်ကြတာမလို့ သင်အကောင်းဆုံး လုပ်နိုင်တဲ့အရာတွေကို ချရေးပြီး သင့်ရဲ့အရည်အချင်းတွေကို ဂုဏ်ယူလိုက်ပါ။ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ  ပြန်ဖတ်ကြည့်ပါ။ သင်ဟာ ဘယ်လောက်တော်ကြောင်း သင့်ကိုယ်သင် သိလာမှာပါ။

အကောင်းမြင်ပေးပါ

အရာရာကို အဆိုးဖက်ကမတွေးဘဲ အကောင်းဘက်ကနေ မြင်တတ်အောင် ကြိုးစားကြည့်ပါ။ အပျက်သဘောကနေ တွေးတတ်တာက သင့်ရဲ့ယုံကြည်မှုကို ထိခိုက်စေနိုင်တာမလို့ တခုခုဆို “ငါ့ကိုယ်ငါယုံတယ်။” “စိတ်ရှည်သည်းခံရင် ငါ့ပန်းတိုင်ကို ငါအောင်မြင်နိုင်တယ်” “ငါ လုပ်နိုင်တယ်ဆိုတာ ငါသိတယ်။” စသဖြင့် အကောင်းဘက်နေဘဲတွေးပြီး သင့်ရဲ့ယုံကြည်မှုကို မြှင့်တင်လိုက်ပါ။