ရှေ့ဆံပင်ချတဲ့ ပုံစံက ဟိုးအရင်ကတည်းက ပျိုမေတွေကြား ရေပန်းစားခဲ့ပြီး အခုအချိန်ထိ မရိုးသေးတဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။ ရှေ့ဆံပင်ချတာက သင့်ပုံစံကို ပြောင်းလဲစေပြီး အသက်ပိုငယ်တယ်လို့ ခံစားရစေပါတယ်။ Bang နဲ့ ပတ်သက်ရင် Blackpink အဖွဲ့ဝင် Lisa ကို ပျိုမေတို့ အားကျကြမှာပါ။ Lisa က ဘယ်လောက်ပဲကက ဆံပင်ပုံစံက ဒီအတိုင်းပါပဲ။ သင်ကတော့ လေတစ်ချက်တိုက်လိုက်ရုံ..လှုပ်လိုက်ရုံနဲ့ ဆံမြိတ်က နှစ်ခြမ်းကွဲသွားတတ်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေနဲ့ Bang ကို အချစ်ရေးထက်မြဲအောင် ကြိုးစားကြည့်နိုင်ပါတယ်။

၁။ Hair Dryer နဲ့ ဆံပင်မှုတ်ပေးပါ

Bang အကြာကြီးခံဖို့ ပထမဆုံး စည်းမျဉ်းက ဆံပင်ကို ဘယ်တော့မှ ရိုးရိုးလေနဲ့ အခြောက်မခံသင့်တာပါ။ ရိုးရိုးခြောက်သွားတဲ့ ဆံပင်က ပုံသွင်းရတာ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတာနဲ့ Hair Dryer ကို သုံးပြီးအခြောက်ခံသင့်ပါတယ်။

၂။ ဘီးလုံးကို သုံးပါ

Hair Dryer နဲ့ ဆံပင်မှုတ်တဲ့အချိန် ဘီးလုံးကို သုံးပြီး ရှေ့ဆံပင်ကို အကွေးလေး အပူနဲ့  ပုံသွင်းသင့်ပါတယ်။ဆံမြိတ် ဝိုက်ဝိုက်လေးက နဖူးပေါ် ပြားပြားကြီး ဖြစ်နေတာထက် ပိုအသက်ဝင်ပါတယ်။ ဘီးလုံးကို သုံးကာ ကိုယ်လိုချင်တဲ့ ဦးတည်ချက်အတိုင်း ဝိုက်ကာ ပုံသွင်းနိုင်ပါတယ်။

၃။ Bang Hairspray

Photo Source: Asian-Beauty-Wholesale

သင့် Bang ကို နေရာတကျ ဖြစ်နေဖို့ သီးသန့် ရည်ရွယ်ချက်နဲ့ ထုတ်ထားတဲ့ Hairspray ကို လိုအပ်ပါတယ်။ Bang Hairspray က သင့် ဆံမြိတ်ကို အချိန်ကြာကြာ ထိန်းထားနိုင်မှာပါ။

၄။ ဖြောင့်စက်အသေး

သင့်ဆံမြိတ်က တောင့်တောင့်ကြီး မာတတ်တယ်ဆိုရင် ဖြောင့်စက်ကို သုံးပြီး ဆံမြိတ်ကြာ

ရှည်ခံအောင် လုပ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖြောင့်စက်အသေးကို သုံးကာ ပုံသွင်းနိုင်ပါတယ်။

၅။ ပုံမှန်ခေါင်းလျှော်ပါ

Bang က တခြားဆံသားတွေထက် အဆီပိုပြန်လွယ်ပါတယ်။ ခေါင်းမလျှော်တာကြာရင် ဆံမြိတ်နှစ်ခွ ဖြစ်ဖို့အခွင့်အရေး ပိုများပါတယ်။ သင်က ခေါင်းလျှော်ဖို့ မအားရင် Dry Shampoo ကို သုံးနိုင်ပါတယ်။

၆။ ဆံပင်ပုံမှန်တိပါ

Bang လှလှလေးကို အချိန်တိုင်း ထိန်းထားနိုင်ဖို့ အမြဲသနေဖို့ လိုပါတယ်။ သင်က ဆံပင်ညှပ်ဆိုင်ကို ပုံမှန်မသွားနိုင်ရင် ဆံပင်ပညာရှင်တွေကို မေးကာ အိမ်မှာ ဆံပင်တိနိုင်ပါတယ်။

၇။ ဆံမြိတ်ကို ဆီမထိအောင် ထားပါ

Bang က ဆီထိတဲ့အခါ ပြားပြားကြီး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီလူးတဲ့အခါ ခေါင်းထိပ်ကို ချန်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar