ဝက်ခြံ ဆိုတဲ့ပြဿနာတွေက တော်တော်ကိုစိတ်ရှုပ်စရာကောင်းပါတယ်။ အလှအပအတွက် မျက်နှာအသားအရေကောင်းမွန်ဖို့ အရေးကြီးလွန်းတာကိုလည်း မိန်းကလေးတိုင်းသိထားပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အစားအသောက်မဆင်ခြင်မိတဲ့အချိန်ပဲဖြစ်ဖြစ်၊ သေချာဂရုမစိုက်ပေးမိသွားတဲ့အချိန်တွေမှာ ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။ ပိုဆိုးတာက အရေးတကြီး သွားစရာရှိနေတဲ့ နေ့မျိုးတွေမှာ မျက်နှာပေါ်မှာဝက်ခြံတွေနဲ့ဆိုတော့ ပိုပြီးတော့စိတ်ညစ်စရာကောင်းတာပေါ့။ ဒီလိုအချိန်မျိုးတွေကို မပိုင်ဆိုင်ရလေအောင် ဖြေရှင်းလို့ရမယ့်နည်းလမ်း တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။

ရေခဲကပ်ပေးခြင်း

တကယ်လို့မျက်နှာပေါ်မှာ ဝက်ခြံရုတ်တရက်ဖြစ်လာပြီဆိုရင် အထိရောက်ဆုံးနဲ့အမြန်ဆုံးဖြေရှင်းလို့ရမယ့် နည်းလမ်းကတော့ ရေခဲကပ်ပေးတာပါပဲ။ ဝက်ခြံဖြစ်နေတဲ့နေရာကို ရေခဲနဲ့မကြာခဏကပ်ပေးတာမျိုး လုပ်ပေးမယ်ဆိုရင် ဝက်ခြံဖြစ်ပြီး ရောင်ရမ်းနေတာတွေကိုလျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

ရှောက်သီးအရည်

သွားစရာရှိတဲ့ရက်ကလည်းနီးလာပြီး ဝက်ခြံကလည်း မပျက်သေးဘူးဆိုရင် ရှောက်သီးအရည်ကို ဂွမ်းစလေးမှာစွတ်ပြီး ဝက်ခြံရှိတဲ့နေရာမှာ လိမ်းထားပေးလိုက်လို့လည်းရပါတယ်။ ရှောက်သီးမှာပါဝင်နေတဲ့ ဗီတာမင်ဓာတ်က ဝက်ခြံတွေကိုခြောက်သွေ့သွားစေပြီး အမာမကျန်တော့လောက်အောင် လ ျှင်မြန်စွာပျောက်ကင်းစေနိုင်ပါတယ်။

ရေနွေးငွေ့

ဝက်ခြံပေါက်တဲ့အခါမှာ ရေနွေးငွေ့နဲ့ မျက်နှာအသားအရေကို ထိတွေ့ပေးတာက အသားအရေအတွက်အရမ်းကိုကောင်းမွန်စေပါတယ်။ ရေနွေးငွေ့က မျက်နှာအသားအရေမှာရှိနေတဲ့ ချွေးပေါက်တွေကိုကျယ်သွားစေပြီး အသားအရေကိုလည်း ကောင်းမွန်လာစေနိုင်ပါတယ်။ ဝက်ခြံတွေရှိနေမယ်ဆိုရင်လည်း အချိန်တိုအတွင်းသက်သာပြီး ကောင်းမွန်သွားစေမှာပါ။

ချင်းနဲ့ပွတ်ပေးပါ

ချင်းကိုနည်းနည်းလှီးပေးပြီး ဝက်ခြံဖြစ်နေတဲ့နေရာပေါ်မှာ ပွတ်ပေးလိုက်ပါ။ ပွတ်ပြီးသွားရင်တော့ မျက်နှာကိုရေနွေးနွေးလေးနဲ့ပြန်ပြီးတော့ ဆေးပေးဖို့လိုပါလိမ့်မယ်။ တစ်နေ့ကိုနှစ်ကြိမ်လောက်ပုံမှန်လုပ်ပေးလို့လည်း ရပါတယ်နော်။