ကိုယ့်ပတ်ဝန်းကျင်မှာ သူငယ်ချင်းမိတ်ဆွေတွေက တဖြည်းဖြည်းစိတ်ဓာတ်ကျနေပြီလား။ သူငယ်ချင်း၊ မိတ်ဆွေအပါင်းအသင်းတွေစိတ်ဓာတ်ကျနေရင်လည်း ကိုယ်ကတော့ မပျှော်နိုင်မှာတော့ မဟုတ်ပါဘူး။စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေကို ဘယ်လိုပြန်အားပေးမလဲဆိုတဲ့ အချက်လေးတွေကလည်း မျှဝေပေးချင်ပါတယ်။
အားပေးစကားပြောပါ
လူတစ်ယောက်က စိတ်အားငယ်နေတဲ့အချိန်မှာ သူ့ဘေးနားမှာရှိတဲ့လူက အများကြီးအရေးပါပါတယ်။ ပတ်ဝန်းကျင်ကပါ Negative ဖြစ်တဲ့အကြံဥာဏ်တွေ ပေးနေပြီးဆိုရင်တော့ တော်တော်လေးမဖြစ်သင့်ပါဘူးနော်။ ဒါကြောင့် အပြစ်တင်မဲ့စကားတွေထက် ဖေးမပေးပါ၊ အားတက်စေတဲ့စကားတွေ ပြောဖို့က အလိုအပ်ဆုံးဖြစ်ပါတယ်။
ကူညီပေးပါ
သူအခက်အခဲတွေကို ကူညီပေးတာကလည်း သူဖြစ်နေတဲ့စိတ်ခံစားချက်ကို ပေါ့သွားစေပါတယ်။ တစ်ဖက်သားကို ကူညီပေးခြင်းကလည်း ကိုယ့်အတွက် ပိတိအကျိူးကိုခံစားရတဲ့အတွက် အရှုံးတော့မရှိပါဘူးနော်။ သူငယ်ချင်းမိတ်ဆွေအစစ်အမှန်တွေကလည်း တစ်ယောက်အခက်အခဲဖြစ်နေချိန်မှာ တစ်ယောက်ကကူညီပေးခြင်းပါနော်။
အတူရှိပေးပါ
အခုလိုမျိုးဖြစ်နေချိန်ဆို ဘေးနားမှာလူတစ်ယောက်ရှိခြင်းက စိတ်သက်သာစေသလို ထင်သလောက်လည်း စိတ်အားငယ်တော့မှာ မဟုတ်ပါဘူးနော်။ သူငယ်ချင်းမိတ်ဆွေက ကိုယ့်အခက်အခဲဖြစ်နေချိန်မှာ အတူရှိပေးနိုင်တာကလည်း အရာအားလုံးကို လုပ်နိုင်အောင်စိတ်စွမ်းအားပေးခြင်းတစ်မျိုးပါ။
Photo Source – Free.pik