ဝက်ခြံဆိုတာ ဆဲလ်သေတွေနဲ့အညစ်အကြေးတွေဟာ ချွေးပေါက်တွေကိုပိတ်ဆို့ခြင်းကြောင့်ဖြစ်ရတဲ့ သာမန်အရေပြားပြသာနာတခုပါ။ ပုံမှန်အားဖြင့် ဝက်ခြံတွေဟာ မျက်နှာ၊ ကျောကုန်း၊ ပုခုံး နဲ့ လည်ပင်းတို့မှာ ပေါက်တတ်ပါတယ်။ မျိုးရိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ နဲ့ အဆီပြန်ခြင်းတို့ကြောင့် ဝက်ခြံတွေဖြစ်တတ်ပါတယ်။သဘာဝအတိုင်းဝက်ခြံတွေကို အမြန်ပျောက်ကင်းအောင်ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

Source: weddingaffair.co.in

ဝက်ခြံအမျိုးအစားပေါ်မူတည်ပြီးလုပ်သင့်တဲ့ Treatment တွေဟာ ကွဲပြားတာမို့ ကိုယ်ထွက်လေ့ရှိတဲ့ ဝက်ခြံအမျိုးအစားကို သိဖို့လိုပါတယ်။ တချို့ဝက်ခြံတွေဟာ ပျောက်လွယ်ပေမယ့် တချို့ကတော့ ပျောက်ဖို့ကြာတတ်ပြီး အမာရွတ်ကျန်ခဲ့တတ်ပါတယ်။ ယေဘုယျအားဖြင့်ဝက်ခြံတွေဟာ Whiteheads, Blackheads, Pimples (or Pustules), Nodules, Cysts စသဖြင့် ဝက်ခြံအမျိုးအစား (၅)မျိုး ရှိပါတယ်။

Source: lucianotorres.net

ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်လာတဲ့ ဝက်ခြံတွေကို Smoker’s acne လို့ခေါ်ပြီး သာမန်ဝက်ခြံတွေလို ပျောက်ကင်းဖို့ မမြန်ဘဲ ကြာရှည်နေတတ်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေ Sensitive Skin ကို ဖြစ်စေပြီး အရေပြားပြသာနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။Collagen တွေကို ထိခိုက်စေနိုင်တာမို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်းကြုံတွေ့ရနိုင်ပါတယ်။

Source: wonderopolis.org

မျက်နှာကို လက်ဖြင့်ကိုင်တွယ်ခြင်းမှရှောင်ရှားပါ။အညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေဟာ သင့်ရဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး မျက်နှာကို လက်နဲ့ထိတွေ့ခြင်းက ဝက်ခြံတွေကိုပိုပြီးဆိုးရွား လာစေနိုင်ပါတယ်။ ဝက်ခြံတွေပေါက်နေရင်Oil-Free ဖြစ်တဲ့ Gentle Type နေ့စဉ်သုံး မျက်နှာသစ် ခရင်မ်နဲ့ အညစ်အကြေးတွေကိုဂရုတစိုက်ဖယ်ရှားပေးပါ။ ဝက်ခြံတွေကို လက်နဲ့ညှစ်ခြင်းက ဘတ်တီးရီးယားတွေကို ပျံ့နှံ့စေပြီး အမာရွတ် ဖြစ်စေနိုင်ပါတယ်။

Source: OROGOLD Deep Peeling

မှန်ကန်တဲ့ Cleanser ကို အသုံးပြုပါ။ Mild Type ဖြစ်တဲ့ Non-Soap Cleanser ကိုသုံးပါ။ Non-Soap Cleanser တွေဟာ Chemical အပြင်းစားတွေမပါဝင်ဘဲ ဘဘာဝပစ္စည်းတွေပါဝင်တာများတာမို့ ရွေးချယ်သင့်ပါတယ်။ Drug  Stores တွေမှာ အလွယ်တကူဝယ်နိုင်ပါတယ်။ Soaps အပြင်းစားတွေနဲ့ Scrub လုပ်ခြင်းက သင့်ရဲ့အရေပြားကို စပ်ဖျင်းဖျင်းဖြစ်စေနိုင်ပြီး ဝက်ခြံတွေကိုပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

Source: Water Filters Australia

ပုံမှန်မျက်နှာသစ်ပေးပါ။ လက်ချောင်းထိပ်လေးတွေကိုအသုံးပြုပြီး မနက်တကြိမ် ညတကြိမ်မျက်နှာသစ်ပေးပါ။ ချွေးထွက်ခြင်းကလည်း ဝက်ခြံတွေကို ပိုဆိုးစေနိုင်တာမို့ ချွေးထွက်ပြီးတိုင်း ကြက်သီးနွေးရုံရေနွေးနွေးလေးနဲ့ မျက်နှာတပြင်လုံးအနှံ့ ပြောင်စင်အောင် သစ်ပေးပါ။

Source: Acupressure Treatment In Jaipur

ကိုယ့် Skin နဲ့ သင့်တော်တဲ့ Skin Care ပစ္စည်းတွေကိုပဲ အသုံးပြုပါ။ ခြောက်သွေ့တဲ့ အသားအရေနဲ့ ယားယံတတ်တဲ့ အသားအရေ အမျိုးအစားတွေ အတွက် Oil-Free Moisturizer ကို လိမ်းပေးပါ။ Exfoliating Product တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ အရေပြားအထူးကုပညာရှင်တွေကို မေးမြန်းပြီးမှ သင့်ရဲ့အသားအရေနဲ့ သင့်တော်တာကို သုံးသင့်ပါတယ်။

ဝက်ခြံကင်းဝေးပြီး လှပနိုင်ကြပါစေ။