ဆက်ဆံရေးတစ်ခုက အဆုံးသတ်သွားပြီလား။ ထားခဲ့သူပဲဖြစ်ဖြစ် ကျန်ရစ်သူပဲဖြစ်ဖြစ်ပိုချစ်တဲ့သူကတော့ ပိုခံစားရစမြဲပါ။ အသဲကွဲသွားတဲ့ခံစားချက်က ဘေးပတ်၀န်းကျင်ကမြင်ရင်တော့ ရီစရာကောင်းနေပေမယ့် တကယ်ခံစားနေရတဲ့သူကတော့ အရူးကြီးလိုဖြစ်နေပါတယ်နော်။ တကယ်တော့ အသဲကွဲတယ်ဆိုတာကလည်း ကိုယ့်စိတ်ကိုယ်ကိုပြန်သတ်ခြင်းတစ်မျိုးပါ။ဘာမှလည်းလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး၊ အထီးကျန်နေသလို၊ စိတ်ဓာတ်တွေကျနေသလို လောကကြီးတစ်ခုလုံးက အမှောင်ထဲရောက်သွားသလိုမျိုးပေါ့။ ဒီအရာတွေကို ကုစားဖို့ကနည်းလမ်းတွေရှိပါတယ်။ တကယ်လိုက်လုပ်ဖို့တော့လိုအပ်တယ်နော်။

ငိုချလိုက်ပါ

တင်းမာနေတာထက်စာရင် ငိုကြွေးလိုက်ခြင်းက စိတ်ကိုပေါ့ပါးစေနိုင်ပါတယ်။ တစ်ချို့တွေက ငါဘာကြောင့်သူအတွက်ငိုရမှာလည်းဆိုပြီး ငိုချင်တာတောင် တင်းခံနေတတ်ကြပါတယ်။စိတ်ကိုလွတ်ချလိုက်ပါ ဘယ်လောက်ထိငိုနိုင်မှာလဲ။ အဆုံးထိငိုပြီးသွားရင်တော့ သင့်ဆီမှာသူ့အတွက်ဘာမှပေးစရာရှိတော့မှာမဟုတ်ပါဘူး။

ခံစားလိုက်ပါ


သူတောင်ထားခဲ့နိုင်သေးတာပဲ ငါဘာလို့ခံစားမှာလည်းဆိုပြီးစိတ်ကိုတင်းထားတာက အဲ့တာကိုယ့်ကိုကိုယ်လိမ်နေတာပါ။ ကိုယ်နဲ့အချိန်တိုင်းအတူတူရှိနေတဲ့သူတစ်ယောက်  ဘေးနားကချက်ချင်းကြီးကွယ်ပျောက်သွားရင်တော့ ဘယ်သူမဆိုခံစားရမှာပဲ။ရှက်စရာလည်းမလိုသလို ၀မ်းနည်းစရာလည်းမလိုပါဘူး။ အဲ့တော့ခံစားလိုက်ပါ ကိုယ်ဘယ်လောက်တောင်ခံစားနိုင်မလဲ။ ကြားရင်အဲ့ခံစားချက်တွေကသင့်ကို  ငြီးငွေ့စေမှာပါနော်။

လုပ်စရာရှိတာဆက်လုပ်ပါ


တစ်ချို့သူတွေက ငါအသဲကွဲနေတယ်ဘာမှလုပ်လို့မရဘူး ဘာမှလုပ်ချင်စိတ်လဲမရှိဘူးဆိုပြီး ပျင်းရိတာနဲ့အသဲကွဲတာနဲ့ကိုရောချတတ်ကြပါတယ်။ဒီလိုမနေပါနဲ့ သူ့အကြောင်းအတွေးထဲ၀င်လာရင် Feel လိုက်ပါ။ပြီးရင် ကိုယ်စိတ်ပျော်တာဝါသနာပါတာလုပ်ကြည့်ပါ။ဘယ်သူ့မှ ကိုယ့်ဘဝထဲမှာအမြဲနေမှာမဟုတ်ပါဘူး။အားလုံးက ဘဝထဲကိုခဏဝင်လာတဲ့ဧည့်သည်တွေပါ။

Photo Source- Freepic.com