Kpop အဆိုတော်အဖွဲ့ မိန်းကလေးတွေကို ကြည့်လိုက်မယ်ဆိုရင် မိန်းကလေးတိုင်းလိုလို ပေါင်တံသွယ်သွယ်လေးကို ပိုင်ဆိုင်ထားကြတာ သတိထားမိမှာပါ။ သင့်အနေနဲ့ကော ပေါင်တုတ်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ သင်သဘောကျတဲ့ Kpop Idol တွေလို ပေါင်တံသွယ်သွယ်လေးပိုင်ဆိုင်ဖို့ ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
၁။ Plie Squat
Photo Source: SportsRec
- မတ်တပ်ရပ် အနေအထားကနေ စပေးရပါမယ်။
- ပြီးနောက် ဒူးနှစ်ခုကို အကွာအဝေးချဲပီး ထိုင်ချပေးရပါမယ်။
- ဒါကို အခါ ၂၀ စာ လေးကြိမ်ပြုလုပ်ပေးရပါမယ်။
၂။ Lunge Kick Back
Photo Source: Anami’s Pensieve- WordPress.com
- Lunge ထိုင်တဲ့ပုံစံ ဒူးတစ်ဘက်ကို ကွေးပြီး နောက်တစ်ဘက်ကို ဆန့်ပေးရပါမယ်။
- ဒီလိုထိုင်ပြီးနောက် ကွေးထားတဲ့ ခြေထောက်ကို နောက်ပြန်ကန်ပေးရပါမယ်။
- တစ်ဘက်ဆီကို အခါ ၂၀ စာ လေးကြိမ်ပြုလုပ်ပေးရပါမယ်။
၃။ Side Plank Kicks
Photo Source: Sole Shaping – blogger
- ပုံထဲကလို လက်ကို အားမပြုနိုင်ဘူးဆိုရင် တံတောင်နဲ့ ထောက်နိုင်ပါတယ်။
- ဘေးစောင်းအနေအထားနဲ့ အပေါ်ရောက်နေတဲ့ ခြေထောက်ကို မြှောက်တင်ပေးရပါမယ်။
- တစ်ဘက်စီကို ၁၅ ခါ စာ လေးကြိမ်လုပ်ပေးရပါမယ်။
၄။ Single Leg Glute Bridge
Photo Source: Gfycat
- အိပ်လျက်အနေအထားနဲ့ ခြေတစ်ဘက်ကို မြှောက်ပေးထားရပါမယ်။
- ပြီးနောက် တင်ပါးကို အားပြုပြီး ခန္ဓာကိုယ်ကို ပင့်တင်ပေးရပါမယ်။
- ဒါကို ဘယ်ညာ တစ်လှည့်စီ ၁၅ ခါစာ လေးကြိမ်လုပ်ပေးရပါမယ်။
၅။ Narrow, Regular, Wide Squat
Photo Source: Popsugar
ဒီအတွက် Position သုံးမျိုးလိုပါတယ်။ ဒီပုံစံသုံးမျိုးကိုပဲ ထိုင်ထလုပ်ပေးသွားရမှာပါ။ Narrow မှာ ခြေထောက်ကို စုပြီး ထိုင်ပေးရပါမယ်။ Regular မှာတော့ ဘယ်ဘက်ကို ခြေထောက်အနည်းငယ် ခွာပြီး ထိုင်ပေးရပါမယ်။ ပြန်ထပြီးနောက်တစ်ခေါက်မှာတော့ Wide ပုံစံရဖို့ ခြေထောက်ကို ထပ်ချဲပေးရပါမယ်။ ပြီးနောက် ထိုင်ထ လုပ်ပေးရပါမယ်။
ဒါကို ဘယ်ညာ တစ်လှည့်စီ ၁ မိနစ် စီ လေးကြိမ်လုပ်ပေးရပါမယ်။
By MyStyle Myanmar