သင်က ဆံပင်ခဏခဏ အရောင်ဆိုးတာ ဒါမှမဟုတ် ဆံပင်အရောင်ချွတ်တာများတယ်ဆိုရင် ဆံပင်က သဘာဝကို ဆန့်ကျင်လိုက်တာမို့ ပျက်စီးသွားတတ်ပါတယ်။ ပျက်စီးသွားတဲ့ဆံကေသာကို နဂိုအတိုင်းပြန်ဖြစ်အောင် ထိန်းသိမ်းရတာက ခက်ခဲတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စိုပြေပျော့ပြောင်းတဲ့ဆံကေသာကို ပြန်လည်ပိုင်ဆိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ Hair Conditioner ကို အနည်းဆုံးငါးမိနစ်ထားပေးပါ

ဆံပင်ပျော့ဆေးကို ဆံကေသာပေါ်လိမ်းတဲ့အချိန် ဒါကို အနည်းဆုံး ၅ မိနစ်ထားပေးသင့်ပါတယ်။

၂။ ခေါင်းလျှော်ပြီးတိုင်း

ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း Jojoba Oil နဲ့ Argan Oil ကို ဆံပင်အဖျားတွေပေါ် လိမ်းပေးသင့်ပါတယ်။

၃။ လေးလကြာတိုင်း ဆံပင်အဖျားတိပေးပါ

လေးလကြာပြီးတိုင်း ဆံပင်တိပေးသင့်ပါတယ်။

၄။ အပူသုံးရမယ့်အချိန်

ဆံပင်ကို အပူပေးခါနီးအချိန်တိုင်း အပူကာတဲ့ လိမ်းဆေးတွေကို အရင်လိမ်းပေးသင့်ပါတယ်။

၅။ နေ့တိုင်း အပူသုံးပြီး လုပ်တာမျိုး မလုပ်သင့်ပါဘူး

နေ့တိုင်း ဆံပင်ကောက်တာ၊ ဆံပင်ဖြောင့်တာကို မလုပ်သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar