မိုးရွာတဲ့နေ့တွေဆိုရင် တချို့က အပြင်သွားရတာကြိုက်ကြတယ်။ ဒါပေမယ့် တော်တော်များများကတော့ မိုးရွာရင် အပြင်သွားရမှာ စိတ်ညစ်တယ်။ မသွားချင်ကြဘူး။ အပြင်မသွားပဲ အိမ်မှာနေလည်း ပျင်းစရာမကောင်းပါဘူးနော်။ အထူးသဖြင့် မိုးရွာတဲ့နေ့ဆို အိမ်မှာဇိမ်ယူလို့ အကောင်းဆုံးပဲ။

ဒါကြောင့် မိုးရွာတဲ့နေ့မှာ အပြင်မသွားပဲ အိမ်မှာဘယ်လိုဇိမ်ယူရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

စာအုပ်ဖတ်ပါ

Source: www.treehugger.com

မိုးရွာနေတဲ့အချိန်ဆိုရင် ကော်ဖီပူပူလေးသောက်ပြီး စာအုပ်ထိုင်ဖတ်ရတဲ့ဖီလင်က အရမ်းမိုက်။ ဒါကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်လေးတွေရှာထားနော်။

ရုပ်ရှင်ကြည့်ပါ

Source: www.greatworklife.com

မိုးအေးအေးလေးနဲ့ အိပ်ယာထဲမှာ ရုပ်ရှင်ထိုင်ကြည့်ရတာလည်း အရမ်းမိုက်တယ်။ အထူးသဖြင့် ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ Anime တွေထိုင်ကြည့်ရတာတော့ အမိုက်ဆုံးပဲ။

အိပ်ပါ

Source: www.sheex.com

မိုးရွာတဲ့နေ့မှာ အပြင်မထွက်ပဲ အိမ်မှာအပြည့်အဝဇိမ်ယူမယ်ဆိုရင်တော့ အိပ်လိုက်ပါ။ မိုးအေးအေးလေးနဲ့ စောင်ခြုံကွေးပြီး အိပ်လိုက်ရင်တော့ ဇိမ်အကျဆုံးပဲ။

Skincare ပါ

Source: www.stylecraze.com

အလှကြိုက်တဲ့သူတွေကတော့ မိုးရွာရင်အပြင်မထွက်ပဲ အိမ်ထဲနေပြီးသာ Skincare ပေတော့။ Body Scrub လုပ်မလား၊ မျက်နှာပေါင်းတင်မလား အေးဆေးဇိမ်ယူပြီး အသားအရေထိန်းသိမ်းပေတော့။

စားသောက်ပါ

Source: www.rocnramen914.com

စားသောက်ပါဆိုတာက မိုးရွာတဲ့နေ့တွေမှာ ကိုယ့်အိမ်မှာ ခေါက်ဆွဲပြုတ်ပူပူလေးထိုင်စားတာမျိုး၊ ပူပူစပ်စပ်လေးတွေလုပ်စားတာမျိုးပေါ့။ ရုပ်ရှင်ကြည့်ရင်း၊ ဂိမ်းကစားရင်းနဲ့ ပူပူစပ်စပ်လေးတွေစားပြီး ဇိမ်ယူလို့ရသေးတယ်နော်။

ယောဂကျင့်ပါ

Source: www.punchedclocks.com

စိတ်ကြည်လင်လန်းဆန်းချင်တဲ့သူတွေ၊ အကြောအချဉ်ပြေချင်တဲ့သူတွေ၊ သွေးလည်ပတ်မှုကောင်းချင်တဲ့သူတွေဆိုရင် မိုးအေးအေးလေးနဲ့ အိမ်မှာ ယောဂကျင့်ပါ။

ဂိမ်းကစားပါ

Source: www.shutterstock.com

ဂိမ်းကစားရတာကြိုက်တဲ့သူတွေဆိုရင် မိုးအေးအေးလေးနဲ့ အိမ်မှာဇိမ်ယူပြီးသာ ဂိမ်းကစားပေတော့။ ရာသီဥတုကနေလို့ကောင်းတော့ ဂိမ်းကစားနေချိန် စိတ်ရှုပ်တာမျိုးလည်း မဖြစ်တော့ဘူးပေါ့။