နဖူးပြင်ကျယ်လို့ ဘယ်လိုဆံပင်ပုံစံညှပ်ရမလဲဆိုတာ ခေါင်းစားနေရပြီလား။ဆံပင်ပုံစံကလည်း လူတစ်ယောက်ရဲ့ ပုံစံကိုပြောင်းလဲနိုင်ပါတယ်။ ဆံပင်စတိုင်ကြောင့် ကိုယ့်ရဲ့ရှိနေပြီးသားအရွယ်ထက် ပိုငယ်အောင်လည်းလုပ်လို့ရသလို၊ ပို့ပြီးရင့်ကျင့်တဲ့ ပုံစံလေးလည်းပြောင်းလဲလို့ရတယ်နော်။ နဖူးကျယ်တဲ့ ကောင်မလေးတွေက မျက်နှာလေးတွေဝိုင်းဝိုင်းစက်စက် ပုံစံလေးတွေများကြပါတယ်။ နဖူးပြင်ကျယ်တဲ့သူတွေက ပြောလို့ပြောတာမဟုတ်ဘူးနော် ကိုယ်ညှပ်ချင်တဲ့ဆံပင်ပုံစံကိုလိုသလို ပုံဖော်လို့ရတယ်။ တကယ်လို့ ကိုယ့်ရဲ့ဆံပင်ကအတိုဖြစ်နေတယ်ဆိုရင် ရှေ့ Bang မတိုမရှည်လေးတွေနဲ့လိုက်ဖက်ပါတယ်။ ကိုယ့်ဆံပင်က အရှည်ဆိုရင်တော့ ပိုပြီးတော့ Bang ကိုညှပ်သင့်ပါတယ်။ ဆံပင်အရှည်ရဲ့ဆွဲအားကြောင့် ကိုယ့်ရဲ့မဟာနဖူးလေးက ပိုပြီးပြောင်လာနိုင်ပါတယ်နော်။
ဆံပင်ပုံစံကလည်း ကိုယ့်မျက်နှာပေါက်နဲ့လိုက်ပြီး ဆံပင်စတိုင်ရွေးချယ်သင့်ပါတယ်။ ဆံပင်စတိုင်တစ်ခုကြောင့် ကိုယ့်ရဲ့ပင်ကိုအလှကိုမထိခိုက်စေနဲ့နော်။နဖူးပြောင်တာက တစ်ယောက်နဲ့တစ်ယောက်ပုံစံခြင်းမတူညီတဲ့အတွက် ဆံပင်ပုံစံတွေကလည်း ညှပ်တဲ့ပုံစံခြင်းတူညီနေမှာတော့ မဟုတ်ပါဘူးနော်။ ကဲ့ဒီလိုဆိုရင် ဆံပင်စတိုင်အမည်နဲ့ ကိုယ်နဲ့ဘယ်လိုဆံပင်ပုံစံဆို ပိုပြီးတော့ လိုက်ဖက်မလဲဆိုတာ လေ့လာကြည့်နော်။
Loose Waves
Wispy Bangs
Long Fringe
Side Swept Bangs
Teased Layered Hair