လက်သည်းရှည်ရှည်လေးတွေကို သဘောကျပေမယ့် လက်သည်းအရှည်နှေးတာ ခနခနကျိုးတာတွေ ခနခနဖြစ်လို့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေလား ? ကျန်းမာပြီး အရှည်မြန်တဲ့ လက်သည်းတွေကို အချိန်တိုအတွင်း ရနိုင်ဖို့ ဒီနည်းလမ်းလေးတွေ စမ်းကြည့်ပါ။

Lemon Juice

သံပရာသီးမှာပါတဲ့ ဗီတာမင်စီက လက်သည်းတွေကို ကျန်းမာသန်စွမ်းစေသလို လက်သည်းဝါတာတွေကိုလည်း သက်သာစေပါတယ်။ သံလွင်ဆီ 3 ဇွန်းနဲ့ သံပုရာရည် 3 ဇွန်းတို့ရောမွှေထားတာကို အပူနည်းနည်းပေးပြီး လက်သည်းတွေကို 10 မိနစ်လောက် စိမ်ထားပေးပါ။ ဒါမှမဟုတ် သံပုရာသီးတစ်စိတ်နဲ့ လက်သည်းတွေကို 5 မိနစ်လောက် ပွတ်ပေးပါ။

Coconut Oil

အုန်းဆီမှာက လက်သည်းတဝိုက်က အရေပြားတွေအတွက် အစိုဓာတ်နဲ့ အာဟာရဓာတ်တွေ အများကြီးပါတာမလို့ ညအိပ်ရာဝင်ခါနီးတိုင်း အပူပေးထားတဲ့ အုန်းဆီနဲ့ လက်သည်း လက်ချောင်းတွေကိုနှိပ်ပေးပါ။

Orange Juice

လိမ္မော်သီးဖျော်ရည်မှာပါတဲ့ Vitamin C က လက်သည်းတွေကို သန်မာစေပြီး လက်သည်းရဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို ကူညီပေးနိုင်ပါတယ်။ ညှစ်ထားတဲ့ လိမ္မော်သီးဖျော်ရည်ထဲ လက်သည်းတွေကို ၁၀ မိနစ်လောက်စိမ်ပြီး ရေဆေးချလိုက်ပါ။ ပြီးရင် Moisturizer ပြန်လိမ်းဖို့တော့ မမေ့ပါနဲံ။

Olive Oil

သံလွင်ဆီမှာက Vitamin E ပါတာမလို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး လက်သည်းအရှည်မြန်စေပါတယ်။ အပူပေးထားတဲ့သံလွင်ဆီနဲ့ လက်သည်း လက်ချောင်းတွေကို လိမ်းပြီးနှိပ်ပေးပါ။ ပြီးရင် လက်အိတ်ဝတ်ပြီး တစ်ညထားပေးပါ။