မျက်တောင်တိုနေတာက မိတ်ကပ်ပြင်တဲ့အချိန် အလုပ်ရှုပ်တတ်ပါတယ်။ Mascara ကို အထပ်ထပ် ခြယ်ရ မျက်တောင်တု တပ်နေရတာနဲ့ စိတ်ရှုပ်ဖို့ကောင်းလှပါတယ်။ မျက်တောင်တိုတာကြောင့် သင့်ပုံစံက ဗြောင်ရှင်းဖြစ်နေတတ်ပါတယ်။ တချို့မိန်းကလေးတွေဆိုရင် မျက်တောင်ကော့ကော့လေးနဲ့ ဘာမှတောင် လုပ်စရာမလိုဘဲ အဆင်ပြေသွားတတ်ပါတယ်။ သင်က ရှိရင်းစွဲထက် မျက်တောင်ရှည်ချင်တယ်ဆိုရင်တော့ အခုပြောပြတဲ့ နည်းလမ်းတွေအတိုင်း ကြိုးစားကြည့်နိုင်ပါတယ်။

နည်းလမ်း ၁

Photo Source: The-Beauty-Insiders

လိုအပ်တဲ့ ပစ္စည်းတွေကတော့ အုန်းဆီနဲ့ သံလွင်ဆီဖြစ်ပါတယ်။ အုန်းဆီနဲ့ သံလွင်ဆီနှစ်မျိုးလုံးက အမွှေးအရှည်မြန်စေတဲ့ အဆီတွေဖြစ်ပါတယ်။ အုန်းဆီ တစ်ဝက်နဲ့ သံလွင်ဆီ တစ်ဝက်ကို ရောကာ မျက်တောင်ပေါ် ညတိုင်း လိမ်းအိပ်ပေးရပါမယ်။ အချိန်တစ်ခုကြာတဲ့အခါ မျက်တောင် သိသိသာသာ ထူထဲလာတာကို သတိထားမိပါလိမ့်မယ်။

နည်းလမ်း ၂

Photo Source: Healthline

Mascara များများသုံးတာကို လျှော့ပေးသင့်ပါတယ်။ မျက်တောင်ကော့ဆေးခဏခဏ သုံးတာက မျက်တောင်အရှည်နှေးစေပါတယ်။

နည်းလမ်း ၃

Photo Source: wikiHow

လက်နဲ့ မှန်မှန်လေး မျက်တောင်ကို ပင့်တင်ပေးသင့်ပါတယ်။ လက်နဲ့ မျက်တောင် ပုံမှန်ကော့ပေးတာက ကိုယ့်မျက်တောင်ကို ပိုကော့လာစေပါတယ်။ ကော့တဲ့ လက်က သန့်ရှင်းဖို့တော့ လိုပါတယ်။

နည်းလမ်း ၄

Photo Source: Fab How

သင့်အိမ်မှာ ကြက်ဆူဆီ ရှိတယ်ဆိုရင် ညတိုင်း မျက်တောင်ပေါ် လိမ်းပေးနိုင်ပါတယ်။ ကြက်ဆူဆီက မျက်တောင်ရှည်စေတဲ့ ဆီတွေထဲမှာ ထိပ်တန်းပါပဲ။

နည်းလမ်း ၅

Photo Source: wikiHow

ဘက်စုံသုံး အလှကုန်ပစ္စည်း တစ်မျိုးဖြစ်တဲ့ Vaseline ကိုပါ မျက်တောင်ရှည်ဖို့ သုံးနိုင်ပါတယ်။ မျက်တောင်ကော့တံ အသန့်နဲ့ Vaseline အနည်းငယ် ယူကာ မျက်တောင်ကော့ပေးနိုင်ပါတယ်။ ဒါကို ညတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။