မျက်ခုံးထူထူလေးကို မလိုချင်တဲ့သူဆိုတာမရှိပါဘူးနော်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ စိတ်ဖိစီးမှုတွေကြောင့် မျက်ခုံးပါးနိုင်သလို မျိုးရိုးကြောင့်လည်း မျက်ခုံးပါးနိုင်ပါတယ်။ ဒါကြောင့် မျက်ခုံးထူထူလေးကို ပိုင်ချင်တဲ့သူတွေအတွက် ဒီအချက်တွေကို လုပ်ကြည့်ပါ။

Brow-Enhancing Serum ကိုသုံးပါ

မျက်ခုံးမွှေးထူလာဖို့ အလွယ်ဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ Brow Serum ကို သုံးတာပါပဲ။

စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုကး မျက်ခုံးမွေးတွေအပါအဝင် ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် တချို့က စိတ်ဖိစီးချိန်မှာ ဆံပင် ဒါမှမဟုတ် မျက်ခုံးမွှေးကိုဆွဲနှုတ်တတ်ကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကိုလျှော့ချပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကိုစားပါ

အာဟာရချို့တဲ့တာကလည်း မျက်ခုံးပါးခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဆံပင်ကြီးထွားမှုကိုအားကောင်းစေတဲ့ ဗီတာမင် B၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဇင့်၊ သံဓာတ် နဲ့ biotin ကြွယ်ဝတဲ့ အစားအစာများကို စားပေးပါ။

Brow Trauma ကိုရှောင်ပါ

မျက်ခုံးပါးတာကိုဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုက မျက်ခုံးနှုတ်တာ အတင်းပွတ်တာ ခြစ်တာတွေပါ ။ ဒါတွေက မျက်ခုံးအရေပြားကို ပျက်စီးစေတာ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။

ဆရာဝန်နဲ့ဆွေးနွေးပါ


အပေါ်ကအချက်တွေလုပ်ရဲ့သားနဲ့ အဆင်မပြေဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။