မင်္ဂလာပါနော်။ အမျိုးသမီးတိုင်း မျက်တောင်မွှေးရှည်ရှည်လေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ သင့်ရဲ့ မျက်တောင်မွှေး ရှည်ရှည်လေးတွေဟာ ဆွဲဆောင်မှုရှိစေသလို သင့်ရဲ့ သွင်ပြင်ကိုလည်း ပြောင်းလဲစေပါတယ်။

လှပတဲ့ မျက်တောင်မွှေးရှည်ရှည်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ရေစိုခံတဲ့ Mascara ကိုအမြဲတမ်းသုံးခြင်းမှရှောင်ကြဉ်ပါ

Mascara သုံးတဲ့အခါ နေ့တိုင်း ရေစိုခံတာကို သုံးနေဖို့မလိုပါဘူး။ အခုလို ရေစိုခံတဲ့ Mascara ကိုအမြဲတမ်းလိုလို သုံးပေးတာဟာ မျက်တောင်မွှေးကို ပျက်စီးစေပါတယ်။

၂။ မျက်တောင်မွှေးကို သန့်ရှင်းရေးလုပ်ပေးပါ

သင့်ရဲ့ မျက်နှာအသားအရေကို သန့်ရှင်းရေးလုပ်သလိုပဲ မျက်တောင်မွှေးကိုလည်း သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ မျက်တောင်မွှေးကို အုန်းဆီနည်းနည်းလိမ်းပြီး သွားပွတ်တံနဲ့ ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပါ။

၃။ ကြက်ဆူဆီသုံးမယ်

ကြက်ဆူဆီကို Mascara ဘူးအလွတ်ထဲထည့်ပြီး ညအိပ်ယာမဝင်ခင် မျက်တောင်လေးတွေမှာ လိမ်းပေးကာ အသုံးပြုပေးနိုင်ပါတယ်။ ဒါပေမယ့် ကြက်ဆူဆီကို မျက်လုံးထဲမဝင်အောင် အထူးသတိထားပါ။ ကြက်ဆူဆီမရှိဘူးဆိုရင် ဗီတာမင် E နဲ့ သံလွင်ဆီ (သို့) အုန်းဆီ ရောပြီး မျက်တောင်မွှေးကို လိမ်းပေးလို့ရပါတယ်။

၄။ မျက်တောင်ကော့တဲ့အခါ ပေါင်ဒါသုံးမယ်

မျက်တောင်ကော့တဲ့အခါ မျက်တောင်မွှေးကို ပိုပြီးထူသလို ထင်ရစေဖို့ မျက်တောင်မွှေးနားမှာ ပေါင်ဒါလေး နည်းနည်းလိမ်းပေးလိုက်ပါ။ ပြီးမှ မျက်တောင်ကော့တဲ့Mascara နဲ့ ကော့ပေးလိုက်ပါ။ မျက်တောင်မွှေး ပိုပြီး ထူသလို ထင်ရစေမှာဖြစ်ပါတယ်။