သင့်ကိုယ်သင် ပြောင်းလဲဖို့ အတွက် အနီးကပ် တိုင်ပင်လို့ရမယ့် ဖက်ရှင် ပညာရှင်တွေ၊ အလှအပ ပညာရှင်တွေကို မလိုအပ်ပါဘူး။ ဒီအစား လုပ်လို့ရတာကတော့ သင့်ကိုယ်သင် အားကိုးပြီး ပြောင်းလဲအောင်၊ ပိုလှအောင် ဖန်တီးနိုင်တာပါ။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်တဲ့အခါ ရလာမယ့် အကျိုးကျေးဇူးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတာ၊ ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာတာ စတာတွေ ဖြစ်ပါတယ်။ ဖော်ပြပါ နည်းလမ်းတွေကတော့ Budget အတွင်းမှာပဲ အကုန်အကျ မများတဲ့ Transformation နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ ဆံပင်ပုံစံ ပြောင်းပါ

ဆံပင်အရောင် မှိန်နေတာ၊ ဆံပင်ပျက်စီးနေတာတွေက သင့်အလှကို လျော့ကျစေတဲ့ အရာတွေပါ။ သင့်မျက်နှာနဲ့ လိုက်ဖက်မယ့် ဆံပင်အရှည်၊ သင့်အသားအရေနဲ့ လိုက်မယ့် ဆံပင်အရောင်ကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ပြောင်းလဲသင့်ပါတယ်။

၂။ အဝတ်ဗီဒိုကို ရှင်းလင်းပါ

အဝတ်ဗီဒိုထဲက အဝတ်အဟောင်းတွေက သင့်ရဲ့ အရင် စတိုင်ဟောင်း၊ ပိုသေးတဲ့ အရွယ်အစားတွေ အဖြစ် ပြောင်းလဲနေပြီ ဖြစ်ကြောင်း ပြသတတ်ပါတယ်။ ပုံစံ ပြောင်းချင်တဲ့ ကောင်မလေးတွေအနေနဲ့ အဝတ်ဗီဒိုကို ရှင်းလင်းကာ ကိုယ်နဲ့ မတော်တော့တဲ့ အဝတ်အစားတွေကို ရှင်းလင်းသင့်ပါတယ်။ တန်ဖိုးကြီးတဲ့ အဝတ်အစားတွေကိုတော့ ပုံစံပြောင်းချုပ်ဖို့ သိမ်းထားသင့်ပါတယ်။

၃။ မိတ်ကပ်လိမ်းတဲ့ ပုံစံကို ပြန်ဆန်းစစ်ပါ

သင်က ပုံစံပြောင်းလဲချင်တဲ့ အကြောင်းအရာထဲမှာ သင့်မျက်နှာပုံစံကို မကြိုက်တာလည်း ပါဝင်နိုင်ပါတယ်။ မိတ်ကပ်ပညာရှင်တွေရဲ့ ဗီဒီယိုတွေကို ကြည့်ကာ သင့်မိတ်ကပ် အဆင့်ကို မြှင့်တင်သင့်ပါတယ်။

၄။ ယုံကြည်မှု ရှိရှိ မတ်တပ်ရပ်ပါ

သင့်ကိုယ်နေဟန်ထားက သင့်ကိုယ်သင် ယုံကြည်မှု ရှိမရှိ ဖော်ပြနေတတ်ပါတယ်။ ထိုင်တဲ့အခါ ခန္ဓာကိုယ် တစ်ဖြောင့်တည်း ထားကာ ထိုင်တာ၊ ပခုံးကို ဆန့်ထားတာ၊ အောက်မငုံ့ဘဲ လမ်းလျှောက်တာတွေကို လုပ်သင့်ပါတယ်။

၅။ ဝတ်ဆင်ပုံကို ပြင်ဆင်ပြောင်းလဲပါ

စကားတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ “သင်လုပ်နေတဲ့ အလုပ်ထဲက စတိုင်အတိုင်း မဝတ်ဘဲ သင်လုပ်ချင်တဲ့ အလုပ်က စတိုင်အတိုင်း ဝတ်ဆင်ပါ”ဆိုတဲ့ စကားပါ။ လက်ရှိမှာ သင့်အနေအထားနဲ့ နေရာတစ်ခု မရောက်သေးပေမယ့် တကယ်ရောက်နေတဲ့ပုံစံမျိုး အဝတ်အစားကို ပြင်ဆင်သင့်ပါတယ်။

၆။ သင့်ခန္ဓာကိုယ် Body Language ကို ပြန်သုံးသပ်ပါ

Photo Source: Pinterest

သင်က လူတွေနဲ့ စကားပြော ဆက်ဆံတဲ့အခါ မျက်နှာကို မကြည့်ဘဲ တခြား ဘက် ကြည့်တတ်သူလား။ လမ်းလျှောက်တဲ့အခါ ကျောကျုံ့ပြီး လျှောက်တတ်သူလား စသဖြင့် သင့် Body Language ကို ပြန်သုံးသပ်သင့်ပါတယ်။ လိုအပ်တာ၊ မှားယွင်းနေတာတွေ ရှိရင် ပြန်လည် ပြင်ဆင်သင့်ပါတယ်။

၇။ မှန်ကန်တဲ့ Bra Size

သင်ဝတ်တဲ့ ပြင်ပ အဝတ်အစားက အရေးပါသလို အတွင်းခံကလည်း အရေးပါ ပါတယ်။ သင့် Size နဲ့ ကွက်တိကျတဲ့ Bra တစ်ထည်က သင့်ယုံကြည်မှုကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ပိုလည်း လှနေပါလိမ့်မယ်။

Source: Allwomenstalk

By MyStyle Myanmar