သင်ဟာ လက်သည်းနီဆိုးရတာ ဝါသနာပါတဲ့လူတစ်ယောက်လား? ဒါမှမဟုတ် လက်သည်း အလှပြင်ဖို့ ဆိုင်ကို အမြဲသွားနေကြလူလား? ဒါပေမယ့် အလှပြင်ဆိုင်ကို သွားဖို့ အချိန်မပေးနိုင်တဲ့အခါမျိုးတွေဆိုရင်တော့ အိမ်မှာဘဲသင်ကိုယ်တိုင် ပြုလုပ်လို့ရပါတယ်နော်။ တချို့ပစ္စည်းလေးတွေရှိရုံနဲ့ လှပတဲ့လက်သည်းတွေကို သင်ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။ ရိုးရှင်းပြီး သေသပ်လှပတဲ့ လက်သည်းလေးတွေ ပိုင်ဆိုင်ဖို့အတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပစ္စည်းလေးတွေတော့ သင့်ဆီမှာ ရှိဖို့ လိုအပ်ပါတယ်နော်။

၁.လက်သည်းဖျက်ဆေး
၂.တံစဥ်း
၃.buffer
၄. Nail buffer
၅. Base Coat
၆. လက်သည်းဆိုးဆေး
၇. Top Coat

၁.လက်သည်းဖျက်ဆေး

အရင်ဦးဆုံး လက်မှာရှိတဲ့ လက်သည်းနီအဟောင်းတွေကို လက်သည်းဖျက်ဆေးနဲ့ဖျက်ပြီး လက်သည်းလေးတွေကို သန့်ရှင်းအောင် ပြုလုပ်လိုက်ပါ။

၂.တံစဥ်း

လက်သည်းလေးတွေကို သန့်ရှင်းပြီးပြီဆိုရင်‌တော့ လှပတဲ့လက်သည်းအနေအထားလေးကိုရဖို့ တံစဥ်းလေးကိုအသုံးပြုပြီး ပုံသွင်းပေးပါ။

၃.Buffer

လက်သည်းလေးတွေပုံသွင်းပြီးတဲ့ခါ လက်သည်းမျက်နှာပြင်လေးတွေ ချော့မွေ့ညီညာဖို့ buffer လေးနဲ့ လက်သည်းမျက်နှာပြင်တွေကို ပွတ်တိုက်ပေးပါ။

၄.Base Coat

အပေါ်ကအဆင့်တွေ အကုန်ပြီးရင်တော့ လက်သည်းလေးတွေကို base coat ဆိုးပေးပါ။ base coat ဆိုးခြင်းက လက်သည်းလေးတွေကို ကာကွယ်ပေးဖို့နဲ့ လက်သည်းအရောင်လေးကို ပိုတောက်ပစေတာကြောင့် မဖြစ်မနေဆိုးပေးဖို့ လိုအပ်ပါတယ်နော်။

၅.လက်သည်းဆိုးဆေး

ဒီအဆင့်မှာတော့ သင်ကြိုက်နှစ်သက်ရာ အရောင်လေးတွေကိုရွေးချယ်ပြီး ဆိုးလို့ရပါပြီ။ ဆိုးတဲ့အခါ လက်သည်းပေါ်မှာ အလျားလိုက်ဆိုးပေးပါ။ ဒီလိုဆိုးတဲ့အခါမှာ နှစ်ထပ်ဆိုးတာက ပုံမှန်ဆိုးလေ့ရှိကြပေမယ့်လည်း ပထမတစ်ခေါက်ဆိုးပြီးတဲ့အချိန်မှာ ရလာတဲ့အရောင်ကို သင်ကြိုက်တယ်ဆိုရင်တော့ နောက်တစ်ထပ်ထပ်မဆိုးလည်း ရပါတယ်နော်။ လက်သည်းဆိုးတဲ့အခါ သုံးလေးထပ်ဆိုးခြင်းက မျက်နှာပြင်တွေကိုမညီညာဖြစ်စေတာမို့ မလုပ်သင့်ပါဘူးနော်။

၆.Top Coat

ဒါကတော့နောက်ဆုံးအဆင့်ပါ။ သင်စိတ်ကြိုက်ရွေးချယ်ထားတဲ့အရောင်ပေါ်မှာ top coat ကို ဆိုးပေးပါ။ top coat ကိုအသုံးပြုပေးခြင်းက ရေနဲ့နေရောင်ခြည်ဒဏ်တွေကို ကာကွယ်ပေးနိုင်ဖို့ပါ။ ဒီအဆင့်တွေအားလုံးပြီးသွားပြီဆိုရင်တော့ သန့်ရှင်းပြီး သေသပ်လှပတဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။