အားလုံးပဲမင်္ဂလာပါနော်။ မြန်မာနိုင်ငံက နွေ၊ မိုး၊ ဆောင်း ဆိုတဲ့ ရာသီဥတု (၃) မျိုးကို ပိုင်ဆိုင်ထားပြီး သိပ်ကို ချစ်စရာကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ အပြင်သွားရင်လည်း ထီးယူဖို့ မမေ့ပါနဲ့နော်။

ပူအိုက်လှတဲ့ နွေရာသီကိုကျော်လွန်လာပြီး မိုးရာသီရောက်လာပြီဆိုရင်တော့ သစ်ရွက်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး လှပနေပါတယ်။ မိုးရွာတဲ့အချိန်ဆိုရင် ဘယ်သူ့ကို လွမ်းလို့ လွမ်းမှန်းမသိတဲ့ ခံစားချက်တစ်ခုလည်းဖြစ်လာတတ်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အချိန် နေရောင်နဲ့ အတူရိုက်လေ့ရှိသလို မိုးရာသီမှာလည်း ပုံလှလှလေးတွေ ရအောင် ရိုက်လို့ရပါတယ်နော်။ အခုလိုမိုးရွာတဲ့အချိန်မှာ ပို့စ်ပေးမယ့် သင်ရယ်၊ ထီးလေးတစ်လက်ရှိရင်တော့ မိုးရာသီရဲ့အမှတ်တရပုံလေးတွေ ရိုက်လို့ရပါတယ်။

ထီးအကြည်လေးတွေနဲ့ အလှဆုံး ပို့စ်လေးတွေ ဘယ်လိုပေးကြမလဲ။

Photo: www.pinterest.com