ခရီးသွားထားလို့၊ နေပူထဲသွားတာများလို့ အသားမဲသွားတဲ့သူတွေနဲ့ အသားဖြူချင်တဲ့သူတွေအတွက် ၄ ပတ်အတွင်းမှာ ပုံမှန်ထက်ပိုပြီး အသားဖြူလာစေမယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ သေချာဂရုစိုက်ပြီးလုပ်ပေးရမှာကတော့ ၄ မျိုးထဲပါ။ ၄ ပတ်အတွင်းမှာ ဒီ ၄ မျိုးကိုပဲ သေချာလုပ်ပေးမယ်ဆိုရင်တော့ ပုံမှန်ထက်ပိုပြီး အသားဖြူလာမှာသေချာပါတယ်။

အပြင်မထွက်ပါနဲ့

အသားပြန်ဖြူအောင်လုပ်မယ့် ၄ ပတ်လုံးအပြင်မထွက်ပါနဲ့။ အပြင်လျှောက်သွားတာမျိုးမလုပ်ပါနဲ့။ မဖြစ်မနေသွားရမယ်ဆိုမှ ထွက်ပါ။ အပြင်ထွက်မယ်ဆိုရင်လည်း Lotion, Sunscreen သေချာလိမ်းပြီး လက်ရှည်အပါးလေးတွေဝတ်ပြီးမှထွက်ပါ။ ဒီအချက်ကတော့ ပိုက်ဆံမကုန်ပဲ အသားဖြူလာမယ့် နည်းလမ်းပါပဲနော်။ အိမ်ထဲမှာနေရင်လည်း နေမထိ၊ လေမထိဆို ပိုတောင်သိသာလာပါလိမ့်မယ်။

Body Scrub လုပ်ပါ

Body Scrub ကို ၅ ရက် တစ်ခါ (သို့) တစ်ပတ် တစ်ခါ လုပ်ပေးပါ။ Scrub လုပ်မယ်ဆိုရင် ညနေဘက်၊ ညဘက်ပဲလုပ်ပေးပါ။ Body Scrub လုပ်ပြီးတိုင်းမှာလည်း Lotion ကို သေချာလိမ်းပေးဖို့ မမေ့ပါနဲ့။

Lotion တစ်နေ့ ၂ ကြိမ် လိမ်းပါ

ကိုယ်ကြိုက်နှစ်သက်ရာ Lotion ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့ ၂ ကြိမ်တော့ Lotion လိမ်းရပါမယ်။ မနက်ပိုင်းကို SPF ပါတဲ့ Lotion လိမ်းပေးရင်တော့ ပိုကောင်းပါတယ်။

ရေများများသောက်ပါ

အသားလေးကြည်လာပြီဆိုရင် အရင်ထက်ကိုအသားဖြူလာသလို ဖြစ်စေတာပါပဲ။ ဒီလိုအသားကြည်လာဖို့ဆိုရင် ရေများများသောက်ရပါမယ်။ ရေသောက်နဲရင် အသားကမွဲခြောက်ခြောက် ဖြစ်နေမှာပါ။ ဒါကြောင့် ရေကို အချိန်တိုင်း အမြဲတမ်းသာသောက်ပေးပါ။

Photo source: www.freepik.com