ပျိုမေတို့အားလုံးမင်္ဂလာပါ။ သင်က မိတ်ကပ်လိမ်းတတ်ဖို့ရာ ကျွမ်းကျင်အဆင့်ထိ ဖြစ်နေစရာမလိုပါဘူး။ ကိုယ်နှစ်သက်တဲ့ပုံစံလေးတွေရှာဖွေပြီး ဒီပုံစံနဲ့တူအောင် လေ့ကျင့်ပြင်ဆင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ မိတ်ကပ်လိမ်းတာ တိုးတက်လာမှာပါ။ ဒီတစ်ခေါက်မှာတော့ ကိုးရီးယားမလေးတွေ မိတ်ကပ်လိမ်းတဲ့ပုံစံမျိုး Glow Make up Look လေးရအောင် ဘယ်လိုလိမ်းရမလဲ ကြည့်လိုက်ရအောင်-

၁။ မျက်ကပ်မှန်တပ်ပေးပါ

မျက်ကပ်မှန်က ကိုယ့် Makeup Look ကိုပံ့ပိုးပေးပါတယ်။ သင်က တပ်ဖို့ အဆင်ပြေတယ်ဆိုရင် မျက်ကပ်မှန်တပ်ပေးသင့်ပါတယ်။

၂။ အစိုဓာတ်ထိန်းခရင် လိမ်းပေးပါ

မျက်နှာကို စိုပြေကြည်လင်နေအောင် အရင်ဆုံး Skin Care စလုပ်ရပါမယ်။ Skin Care Step ထဲ အစိုဓာတ်ထိန်းခရင် လိမ်းတဲ့အဆင့်က မပါမဖြစ်ပါ။

၃။ Vaseline

နှုတ်ခမ်းကို စိုစိုလေးဖြစ်နေအောင် Vaseline Cream ကို အရင်လိမ်းထားပေးပါ။

၄။ Foundation အဆင့်

ကိုယ့်အသားအရေအမျိုးအစား၊ အသားအရေအရောင်နဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းကို လိမ်းပေးရပါမယ်။ ဖောင်ဒေးရှင်းကို Beauty Blender ဒါမှမဟုတ် Brush နဲ့ သေချာလေး Blend လုပ်ပေးရပါမယ်။

၅။ Concealer

မျက်နှာရဲ့ညိုနေတဲ့ နေရာတွေ၊ အမည်းစက်တွေကို Concealer နဲ့ဖုံးပေးရပါမယ်။ မျက်လုံးအောက်နဲ့ မျက်လုံးဘေးတွေ မညိုနေစေဖို့ Concealer သုံးသင့်ပါတယ်။ နှာတံနဲ့ မေးစေ့ပေါ် လည်း လင်းလင်းလေးဖြစ်အောင် Concealer လိမ်းပေးရပါမယ်။

၆။ Face Powder

Powder ကို မျက်လုံးအောက်မှာ Bake လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပေးတဲ့အခါ မျက်နှာပိုလင်းသွားစေပြီး ပိုလှသွားစေပါတယ်။

၇။ Contour လုပ်ပေးပါ

နှာတံပေါ်အောင်၊ မျက်နှာ V Shape ဖြစ်နေအောင် Contour လုပ်ပေးရပါမယ်။

၈။ Eyeshadow

Eyeshadow အဖျော့ (အသားရောင်) ကို မျက်ခွံပေါ် တင်ပေးရပါမယ်။ မျက်ခွံအပြည့် တင်ပေးရပါမယ်။ ပြီးနောက် ပန်းရောင် ဒါမှမဟုတ် ပိုရင့်တဲ့အရောင်ကို မျက်ခွံထောင့်ဘက်မှာ တင်ပြီး Blend ပေးရပါမယ်။ မျက်လုံးအောက်မှာပါ ခြယ်ပေးရပါမယ်။ Highlighter ကိုသုံးပြီး မျက်ခွံပေါ် လတ်လတ်လေးဖြစ်အောင် တင်ပေးရပါမယ်။ ပြီးနောက် သေချာ Blend ပေးရပါမယ်။

၉။ Highlighter

မျက်လုံးအောက်မှာ ကပ်ပြီးတော့ Highlighter နဲ့ ပုံဖော်ပေးရပါမယ်။

၁၀။ Eyeliner

သဘာဝဆန်ဆန်လေးရအောင် Eyeliner ကိုမျက်လုံးနားကပ်ပြီး ခြယ်ပေးရပါမယ်။

၁၁။ Mascara

မျက်တောင်ကော့တံနဲ့ အရင်ကော့ပြီးတော့ Mascara ခြယ်ပေးရပါမယ်။

၁၂။ နှုတ်ခမ်းနီ

နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းနီ ဆိုးပေးရပါမယ်။ အထဲက ပိုရင့်တဲ့ပုံစံမျိုးလေးက Korean Look ကိုပိုင်ဆိုင်စေပါတယ်။ နှုတ်ခမ်းနီနဲ့ပဲ Blush အနေနဲ့ လိမ်းနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar