အမျိုးသမီးတချို့က မွေးရာပါ ဆံလုံးသေးကြပါတယ်။ တချို့ကလည်း ခေါင်းလျှော်တဲ့ အကြိမ်အရေအတွက် နည်းပါးတာကြောင့် ဦးရေပြားမှာ အဆီထွက်ပြီး ဆံပင်ပါးကပ်ကပ်ဖြစ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် ဆံပင်အုံထူအောင် တစ်ညလုံး ကျစ်ဆံမြီးကျစ်ထားတာ၊ ကောက်စက်နဲ့ အုံထူအောင် ကောက်တာ၊ နောက်ပြန်ဖြီးတာမျိုးတွေလုပ်ကြပါတယ်။

ဒီလိုလုပ်ကြပေမယ့်နာရီပိုင်းလောက်ပဲ ခံပြီး ဆံကေသာကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒါ့ကြောင့် ဆံပင်အုံကောင်းတဲ့ ဆံကေသာကို ရရှိစေမယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

အစိမ်းရောင်အသီးအရွက်တွေစားပါ

သင်စားလိုက်တဲ့အစားအစာတွေဟာ သင့်ကျန်းမာရေးအတွက်သာမက ဆံကေသာကျန်းမာရေးအတွက်လည်း အကျိုးရှိပါတယ်။ ဒါ့ကြောင့် ဆံကေသာကို ပိုပြီးကျန်းမာစေဖို့ အစိမ်းရောင်အသီးအရွက်တွေကို များများစားပေးပါ။

ဦးရေပြားကို နှိပ်နယ်ပါ

ခေါင်းမလျှော်ခင် ဦးရေပြားကို ၁၀ မိနစ်ခန့် ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးခြင်းဖြင့် ဦးရေပြား သွေးလည်ပတ်မှုကောင်းစေပြီး ဆံကေသာကို ပိုပြီး သန်စွမ်းစေပါတယ်။