မျက်ခုံးမွှေးထူချင်တဲ့သူတွေနဲ့ မျက်ခုံးမွှေးမရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် သဘာဝအတိုင်း မျက်ခုံးမွှေးထူလာစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

မျက်ခုံးမွှေးမနှုတ်ပါနဲ့

ပထမဆုံးအကြိမ်မှာ မျက်ခုံးမွှေးကို အလွန်အကျွံနှုတ်မိတာမျိုး မဖြစ်ပါစေနဲ့။ မျက်ခုံးမွှေးက ၂ လ – ၃ လနေမှ ပြန်ပေါက်တာပါ။ ဒါကြောင့် မျက်ခုံးမွှေးကို နှုတ်မယ်ဆိုရင်လည်း ခဏခဏမလုပ်ပါနဲ့။ မျက်ခုံးမွှေးပုံသွင်းတာမျိုးလောက်ပဲလုပ်ပါ။ နှုတ်တာမျိုးကို ရှောင်တာတော့ အကောင်းဆုံးပါပဲ။

Moisturise

မျက်ခုံးမွှေးဧရိယာက ရေဓာတ်ပြည့်ပြီး စိုစိုပြည်ပြည်လေးဖြစ်ဖို့ လိုပါတယ်။ အဲ့တော့ မျက်နှာကို moisturizer လိမ်းသလိုပဲ မျက်ခုံးမွှေးကိုလည်း petroleum jelly တစ်ခုခုလိမ်းပေးတာမျိုး လုပ်ရပါမယ်။ မျက်ခုံးမွှေးထူချင်ရင်၊ မျက်ခုံးမွှေးပေါက်တာလိုချင်ရင် တစ်နေ့ကို ၂ ကြိမ် – ၃ ကြိမ်သာ လိမ်းပေးပါ။

ကြက်ဥအကာ

ကြက်ဥမှာက ပရိုတင်းပါဝင်လို့ အမွှေးအမျှင်တွေသန်စွမ်းစေဖို့ အထောက်အကူပြုပါတယ်။ မျက်ခုံးမွှေးထူအောင်၊ မျက်ခုံးမွှေးသန်အောင် ကြက်ဥအကာနဲ့ လုပ်ရမယ့်နည်းလမ်းကတော့ ကြက်ဥကိုဖောက်ပြီး အနှစ်ကိုဖယ်ထုတ်ပါ။ အထဲကအကာကိုပဲယူပြီး ခလောက်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီခလောက်ထားတဲ့ ကြက်ဥအကာတွေကိုယူပြီး မျက်ခုံးမွှေးမှာ ပွတ်လိမ်းပေးထားရပါမယ်။ မိနစ် ၂၀ ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ် ပုံမှန်လုပ်သွားပေးရပါမယ်။

Oil massage

Oil massage လုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး မျက်ခုံးမွှေးသန်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ သုံးရမယ့် Oil ကတော့ ကြက်ဆူဆီ (castor oil), သံလွင်ဆီ (olive oil), အုန်းဆီ (coconut oil) တို့ပဲဖြစ်ပါတယ်။ ဒီ ၃ မျိုးထဲက ကိုယ်အဆင်ပြေတာကိုရွေးပြီး ဂွမ်းဖတ်လေးနဲ့ယူကာ မျက်ခုံးမှာလိမ်းပြီး ညှင်သာစွာနဲ့ oil massage လုပ်ပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်းမှာ လုပ်ပေးပါ။