မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ ဖောင်ဒေးရှင်းဟာ အရေးကြီးဆုံးပါပဲ။

မိတ်ကပ်လိမ်းခြယ်တဲ့အခါ အဓိက အရေးကြီးတဲ့ ဖောင်ဒေးရှင်းကို မိမိနဲ့ သင့်တော်တာ ရွေးချယ်ပေးသင့်ပါတယ်။

၁။ ဖောင်ဒေးရှင်းတစ်ခုကို မစမ်းသပ်ကြည့်ဘဲလုံးဝမဝယ်ပါနဲ့

၂။ ဖောင်ဒေးရှင်း စမ်းသပ်တဲ့အခါ သင့်ရဲ့ မေးရိုး လည်ပင်း စတဲ့နေရာတွေမှာစမ်းပါ။

သင့်အသားအရေနဲ့ တစ်ထပ်တည်း ဖြစ်သွားတာဟာ သင်နဲ့ အလိုက်ဖက်ဆုံး မိတ်ကပ်သားဖြစ်ပါတယ်။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ကိုယ့်အသားအရေနဲ့ မလိုက်ဖက်တဲ့ ဖောင်ဒေးရှင်းရွေးချယ်မိရင်တော့ မျက်နှာတစ်ခြား ခန္ဓာကိုယ်အသားအရေက တခြားဖြစ်နေစေမှာပါ။

၃။ စမ်းသပ်ပြီးချင်းလည်း မဝယ်ပါနဲ့ဦး

သင့်အသားအရေနဲ့ သင့်တော်ပြီး ရပြီဆိုပြီး ချက်ချင်းမဝယ်ပါနဲ့။ တချို့မိတ်ကပ်သားတွေက လိမ်းပြီးမှ ပိုညိုသွားတာ လိမ်းပြီးမှ ပိုဖြူလာတာမျိုးရှိပါတယ်။ ဒါ့အပြင် လိမ်းပြီးခါမှ ကိုယ့်အသားအရေနဲ့ မတည့်တာမျိုးလည်းဖြစ်စေလို့ နောက်နေ့မှ လာဝယ်ပါ။

၎။ နမူနာအရင်ဝယ်ကြည့်ပါ

ကိုယ့်အသားအရေနဲ့လည်း သင့်တော်ပြီဆိုရင် နမူနာ စမ်းသုံးလို့ရတဲ့ Sample ရှိမရှိအရင်မေးလိုက်ပြီးမှ နမူနာကို အရင်စမ်းသုံးကြည့်ပါ။