မိတ်ကပ်လို့ပြောလိုက်ရင် မျက်လုံးချယ်သမှုကလည်း ချန်ထားခဲ့လို့မရတဲ့ အရာတစ်ခုပါ။ မျက်လုံးချယ်သမှုလို့ဆိုလိုက်ရင် Eyeshadow လိမ်းချယ်မှုကလည်း အရေးပါပါတယ်။
ကြည့်လိုက်ရင် လွယ်လွယ်လေးလို့ ထင်ရပေမယ့် တကယ်တမ်းဆွဲကြည့်တဲ့အခါမှာတော့ ကိုယ်ထင်ထားသလိုမဟုတ်ဘဲ ခက်နေတာတွေ့ရမှာပါ။ အဲဒါကြောင့် ဒီတခါမှာတော့ Eyeshadow လှလှလေး ဘယ်လိုချယ်သလို့ရမလဲဆိုတာကို မျှဝေပေးသွားပါမယ်။
၁။ Brush ကိုသေချာရွေးချယ်ပါ
မျက်လုံးချယ်သမှာဖြစ်တဲ့အတွက် Brush ကိုသေချာရွေးချယ်သင့်ပါတယ်။ သင့်မှာ အခုလို အရွယ်စုံ Brush တံလေးတွေ ရှိဖို့လိုအပ်ပါတယ်။
၂။ Navy နဲ့ Plum Smokey Eyeshadow
အရင်ဆုံး လေးထောင့်နည်းနည်းဆန်တဲ့ Brush နဲ့ မျက်လုံးတစ်ခုလုံးကို အောက်ခံအရောင်တစ်ခုရွေးချယ်ပြီး ဆိုးပေးလိုက်ပါ။ ဒီမှာတော့ ရွှေအိုရောင်လေးဆိုးပေးထားပါတယ်။
ပြီးရင်တော့ Brush ဝိုင်းဝိုင်းလေးနဲ့ မျက်ခွနားတစ်ဝိုက်ကို Navy အရောင်လေးထပ်ပြီးချယ်လိုက်ပါမယ်။
ပြီးရင်တော့ Brush နည်းနည်းရှည်ရှည် ဝိုင်းဝိုင်းလေးနဲ့ အညိုရောင်နဲ့ ရွှေအိုရောင်စပ်ပြီး ထည့်လိုက်ပါ။
ပြီးရင် Brush သေးသေးလေးထောင့်လေးနဲ့ မျက်လုံးထောင့်နဲ့ မျက်ခမ်းအောက်နားမှာလည်း ပထမဆုံး ချယ်ထားတာနဲ့အရောင်တူတာကို ထပ်ချယ်လိုက်ပါ။
မျက်လုံးနဲ့ နာခေါင်းထောင့်နားမှာ အရောင်နည်းနည်းလက်တဲ့ အရောင်ထည့်လိုက်ပါ။
မျက်လုံးမွှေးအောက်နားမှာ အဖြူရောင်လေး ထည့်လိုက်ပါ။
ပြီးရင် လိုင်နာဆိုးလိုက်ပြီး Mascara ထည့်လိုက်ပါ။
မှတ်ချက် အဓိကအရေးကြီးကတာတော့ Brush ရွေးချယ်မှုနဲ့ မိမိရဲ့ ရှဲဒိုးအရောင်ကို အနုအရင့် လိုက်ဖက်ညီအောင် ရွေးချယ်တတ်ဖို့ပါပဲ။ တမျိုးတတ်သွားရင် နောက်ပိုင်း ကိုယ့်ဘာသာကိုယ် တီထွင်ပြီး အမျိုးမျိုး ချယ်သလို့ရပါတယ်။
နောက်ထပ် ရှဲဒိုးလိမ်းနည်းလေးတွေကိုလည်း မျှဝေလိုက်ပါတယ်နော်။
၃။ Almond Shaped Eyeshadow
၄။ Orange Eye Makeup
၅။ Pretty Pink Eyeshadow Tutorial
 
											
				 
									






 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				