ချောမွေ့ စိုပြေတဲ့ အသားအရေကို ပျိုမေတိုင်းလိုလို ပိုင်ဆိုင်ချင်ကြပါတယ်။ အသားအရေ ချောမွေ့ခြင်းက သင့်ကိုယ်သင် ယုံကြည်မှုကို တိုးစေပြီး စိတ်ကျေနပ်မှု ရစေနိုင်ပါတယ်။ အသားအရေ လှချင်လို့လည်း ပျိုမေတို့ Skin care ပစ္စည်းတွေကို ဈေးကြီးပေးဝယ်နေကြတာပါ။ တစ်ခါတလေတော့ ကိုယ်က Skin ကို Care ပေမယ့် ကိုယ့် Skin က ကိုယ့်ကို မ Care တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒါမျိုးမဖြစ်ရလေအောင် Skincare မဟုတ်ဘဲ တခြား အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြပါရစေ။

၁။ ကိုယ်စားတာကို ဂရုစိုက်ကြည့်ပါ

သင်စားတဲ့ အစားအသောက်တွေက သဘာဝက ရတဲ့ အစားအစာတွေ ဖြစ်သင့်ပြီး အသင့်စား အစားအသောက်တွေ၊ Refined Carbohydrate တွေကို လျှော့စားသင့်ပါတယ်။ စားသင့်တဲ့ အစားအသောက်တွေကတော့ ဘယ်ရီသီး၊ ရောင်စုံ သစ်သီးတွေ၊ Omega 3 ပါတာတွေ ဖြစ်ပါတယ်။

၂။ အိပ်ချိန်က အသားအရေကို ပြန်လည် အားဖြည့်ချိန်ပါ

သင်က အိပ်ချိန်ပုံမှန် မဟုတ်ဘူးဆိုရင် ပျက်စီးနေတဲ့ အသားအရေက ပြန်လည်ပြုပြင်တာမှာ အဟန့်အတား ဖြစ်စေပါတယ်။ စောစောအိပ်တာ၊ အိပ်ချိန်ထချိန်ကို ပုံမှန်ထားတာ စတာတွေကို လုပ်ပေးသင့်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသားအရေဆီ အာဟာရထုတ်ပေးနိုင်ပါတယ်။ မျက်နှာအသားအရေပေါ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၄။ မျက်နှာကို သန့်ရှင်းပြီး Exfoliate လုပ်ပါ

တချို့တွေက Exfoliant အဆင့်ကို မလုပ်ဘဲကျော်သွားတတ်ကြပါတယ်။ ပုံမှန်လေး မျက်နှာချေးချွတ်ပေးမှ ချွေးပေါက်တွေကို သန့်ရှင်းစေပြီး အညစ်အကြေး ပြောင်စင်စေမှာပါ။

၅။ အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ

နေလောင်ကာ ခရင်ကို နေ့တိုင်း လိမ်းပေးသင့်ပါတယ်။ နေပူတဲ့ ရက်ကော မပူတဲ့ ရက်ကော Sunscreen ကို မဖြစ်မနေ လိမ်းပေးဖို့ မမေ့သင့်ပါဘူး။ ဒီလိုမှ အသားအရေ မပျက်စီးဘဲ အိုမင်း ရင့်ရော်မှု နှေးကွေးစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar