မော်ဒယ်အများစုက သူတို့ရဲ့ အသားအရေ အကြောင်းကို နားလည်ပြီး ဘယ်လိုထိန်းသိမ်းရမလဲ သေချာသိတတ်ကြပါတယ်။ အထူးသဖြင့် Victoria Secret မော်ဒယ်တွေက အသားအရေနဲ့ ပတ်သက်ပြီး သေချာ ဂရုစိုက်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ထိန်းသိမ်းနည်းတွေက အများကြီး ခက်တာမျိုး မဟုတ်ပါဘူး။ ထူးဆန်းတာတစ်ခုက သူတို့အများစုရဲ့ အသားအရေ ဂရုစိုက်နည်းတွေက အကုန်အကျ သက်သာနေတာပါပဲ။ သင်က အများကြီး အားစိုက်ထုတ်၊ ကြိုးစားနေစရာမလိုဘဲ မော်ဒယ်တွေလို အပြစ်ပြောစရာမရှိတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
၁။ Argan Oil, အုန်းဆီနဲ့ ဗာဒံစေ့ အဆီတွေက အသားအရေနဲ့ ဆံပင်အတွက် ကောင်းတာမို့ အနည်းဆုံး တစ်မျိုးတော့ ရှိထားသင့်ပါတယ်။ သင့်အသားအရေ စိုပြေဖို့ ဒီဆီတွေကို အသုံးပြုနိုင်ပါတယ်။
Photo Source: PureWow
၂။ ပြီးပြည့်စုံတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ မျက်နှာသစ်တဲ့ အဆင့်ကလည်း အရေးကြီးပါတယ်။ မျက်နှာသစ်ဆေးတွေထဲကမှ Gentle Cleanser တွေက အသားအရေအမျိုးအစားတိုင်းနဲ့ သင့်တော်ပါတယ်။ မော်ဒယ်တွေက မျက်နှာသစ်တဲ့ အချိန် Facial Cleansing Brush ကို သုံးလေ့ရှိပါတယ်။ ဒီ Brush က အသားအရေ ကို နူးညံ့စေပြီး ကြည်လင်သန့်ရှင်းစေပါတယ်။
၃။ မော်ဒယ်အများစုရဲ့ အသားအရေ ကြည်လင်ခြင်း လျို့ဝှက်ချက်က Sunblock ကို ပုံမှန်လိမ်းပေးတာပါ။ Sunblock က အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၄။ မော်ဒယ်တွေက မျက်နှာ Facial Scrub တွေကို ပုံမှန်သုံးလေ့ရှိပါတယ်။ Facial Scrub ကို တစ်ပတ်မှာ ပုံမှန် တစ်ကြိမ်တော့ လုပ်ပေးသင့်ပါတယ်။
၅။ မော်ဒယ်တွေရဲ့ အသားအရေ ကြည်လင်ခြင်း လျို့ဝှက်ချက် နောက်တစ်ခုက ရေထဲ သံပယိုသီး ထည့်သောက်တာပါ။ သံပယိုသီးက အသားအရေကို တောက်ပကာ ကြည်လင်စေပါတယ်။
၆။ အသားအရေလှပဖို့ မှန်ကန်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုအပ်ပါတယ်။ မော်ဒယ်တွေက သူတို့ စားတဲ့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အထူးဂရုစိုက်လေ့ရှိပါတယ်။
နောက်ဆုံးအချက်အနေနဲ့ အိပ်ချိန်ကို ပုံမှန်ထားဖို့ပါ။ အသားအရေ စိုပြေဖို့ ပုံမှန် ၁၁ နာရီ မတိုင်ခင် အိပ်ပေးသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar