ခေါင်းလျှော်ပြီးရင် လိုချင်တာက ကြော်ငြာတွေထဲက ပိုးသားလိုတောက်ပြောင်ပြီး နူးညံ့နေတဲ့ ဆံပင်မျိုးပါ။ ဒါပေမယ့် ဆံသားတွေက ဂရုစိုက်ပေမယ့် ကျိုးကြေတာ မွဲခြောက်ခြောက်ဖြစ်နေတယ်ဆိုရင်တော့ သင့်ဆံသားကို ထိခိုက်စေနိုင်တဲ့ ဆံသားပျက်စီးမှုကို ဖြစ်စေနိုင်တဲ့ အလေ့အကျင့်လေးတွေ လုပ်မိနေလို့ပါ။ လိုချင်တဲ့ နူးညံ့တဲ့ဆံကေသာမျိုး ရဖို့ဆိုရင် ဒီအချက်တွေကို လိုက်နာကြည့်ပါ။

ခေါင်းခနခနမလျှော်ပါနဲ့

ဆံသားက တောက်ပြောင်ပြီး ကျန်းမာနေဖို့ တစ်ပတ်မှာ ၂ ကြိမ် သို့ ၃ ကြိမ် သာလျှော်ပါ။ ဆာလဖိတ်မပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။ ပူတဲ့ရေကို ရှောင်ပါ။ နောက်ဆုံးခေါင်းလျှော်ပြီးရင် ရေအေးနဲ့ထပ်လျှော်ဖို့ မမေ့ပါနဲ့။

Dryer တန်းမသုံးပါနဲ့

ခေါင်းလျှော်ပြီးပြီးချင်း ရေစိုနေတဲ့ဆံပင်ကို ဆံပင်ကို 80 ရာခိုင်နှုန်းလောက် ခြောက်အောင် ပုဝါနဲ့ပတ်ထားပါ။ ပြီးမှ Dryer သုံးပါ။

အပူလျှော့သုံးပါ

ဆံပင်ကို အပူနဲ့များများထိလေလေ ခြောက်ပြီး မွဲခြောက်ခြောက်ဖြစ်လေပါ။ ဒါကြောင့် Blow Dry ဒါမှမဟုတ် Hair Tools သုံးတဲ့အခါ အပူကို လျှော့သုံးပါ။

Hair Serum သုံးဖို့မမေ့ပါနဲ့

ဆိုင်တွေမှာ Blow Dry လုပ်ပြီးတာနဲ့ ချက်ချင်း Serum လိမ်းတာကို သတိထားမိမှာပါ။ Hair Serum က ချက်ချင်းကြီး တောက်ပတဲ့အသွင်ကိုရဖို့ ကူညီပေးပါတယ်။

နေ့တိုင်းခေါင်းဖြီးပါ

ဆံပင်တစ်လျှောက် သဘာဝဆီတွေကို အညီအမျှဖြစ်စေဖို့ တစ်နေ့ကို အနည်းဆုံး တကြိမ်တော့ သေချာခေါင်းဖြီးပေးပါ။

Hair Mask သုံးပေးပါ

ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာရဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် Hair Mask သုံးပေးပါ။

ပိုးသားခေါင်းအုံးစွပ်ကိုသုံးပါ

ညအိပ်တဲ့အချိန် ဆံပင်နဲ့ခေါင်းအုံးပွတ်တိုက်တဲ့အခါ ဆံသားမပျက်စီးစေဖို့ ချည်သားတွေအစား ပိုးသားခေါင်းအုံးစွပ်ကိုသုံးပါ ။

ဆံပင်ပုံမှန်ညှပ်ပေးပါ

ဆံပင်အဖျားနှစ်ခွဖြစ်တာ ကြေတာတွေကနေကင်းဝေးဖို့ ခြောက်ပတ်မှ ရှစ်ပတ်ကြာတိုင်း အဖျားတွေကို ညှပ်ပေးပါ။