အသက် ၂၅ ကျော်လာတာနဲ့ အရေးအကြောင်းပါးပါးလေးတွေ ဖြစ်လာတတ်ပါတယ်။ အရေးအကြောင်းဖြစ်မှ ပျောက်အောင်လုပ်ဖို့က ခက်ပါတယ်။ ဒါကြောင့် များများမဖြစ်ခင် အသက် ၂၅ ကျော်တာနဲ့ anti aging skincare တွေကို သုံးပေးပါ။ ထွက်နေတဲ့ အရေးအကြောင်း ပါးပါးလေးတွေကို တဖြည်းဖြည်းနဲ့ ပါးလာပြီး ပျောက်အောင်လုပ်ချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် အုန်းဆီနဲ့လုပ်ရမယ့် နည်းလမ်းကို သုံးလို့ရပါတယ်။ အရေးအကြောင်းများရင်တော့ ပျောက်ဖို့ခက်ပါတယ်။ နည်းသေးတယ်၊ ပါးတယ်ဆိုရင်တော့ ဒီနည်းလမ်းက အထောက်အကူဖြစ်ပါလိမ့်မယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ရေ၊ ဂွမ်းလုံး၊ အုန်းဆီ နဲ့ apple cider vinegar ပါ။
လုပ်ရမယ့်ပုံစံံကတော့ apple cider vinegar – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်း ရောမွှေပါ။ ပြီးရင် ဂွမ်းလုံးလေးနဲ့တို့ယူပြီး အရေးအကြောင်းဖြစ်တဲ့ နေရာမှာ ညင်သာစွာ ပွတ်လိမ်းပေးပါ။
လိမ်းထားပြီးတော့ ခြောက်သွားပြီဆိုမှ အရေးအကြောင်းဖြစ်တဲ့နေရာမှာ အုန်းဆီ နည်းနည်းတို့ယူပြီး massage လုပ်ကာ ပွတ်ပေးပါ။ ပြီးရင်တော့ တစ်ညထားပြီး မနက်မှ မျက်နှာသစ်ပါ။ တစ်ညထားရမှာမို့ ညအိပ်ခါနီးမှလုပ်တာ အကောင်းဆုံးပါပဲ။
ညတိုင်းလုပ်ပေးရင် သိသာတဲ့ ရလဒ်ကို ရရှိလာပါလိမ့်မယ်။
Source:www.stylecraze.com