အမျိုးသမီးတွေရော အမျိုးသားတွေရော အသားအရေက အိုမင်းရင့်ရော်မှုကို ရှောင်လွှဲလို့ မရဘူးလို့ ယုံကြည်ကြပေမယ့် ဒီနေ့ခေတ်မှာတော့နည်းပညာတွေနဲ့ အိုမင်းရင့်ရော်တာကိုတားဆီးပေးမယ့် အလှကုန်တွေ အများကြီးရှိနေပါပြီ။ ဒါကြောင့် သင်က ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အောက်ပါအချက်တွေနဲ့ စတင်လိုက်ပါ။

ဆေလိပ်

ဆေးလိပ်ဖြတ်ဖို့က တကယ်တော့ မလွယ်ပါဘူး၊ ဒါပေမယ့် နီကိုတင်း နဲ့ ရှူဆေးတွေက အသက်ငယ်ငယ်နဲ့ အရေးအကြောင်းတွေ၊ Fine Lines တွေကို ဖြစ်စေနိုင်ပါတယ်။

Antioxidants Foods

Antioxidants က သင့်အသားအရေကို Free Radicals တွေကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် Antioxidants ပါဝင်မှုများတဲ့အစားအစာတွေက အရေးအကြောင်းတွေနဲ့ Fine Lines တွေကို လျှော့ကျစေဖို့ ကူညီပေးပါတယ်။

ရေဓာတ်

လေ့ကျင့်ခန်းလုပ်ပြီးရင် တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ပေးပါ။ ရေသောက်ရတာ မကြိုက်ရင် သားအရေရဲ့ ရေဓာတ်ကို မြှင့်တင်ဖို့ သံပရာသီး လတ်လတ်ဆတ်ဆတ်နဲ့ ဖျော်ထားတဲ့ သဘာဝအုန်းရေကို သောက်ပေးပါ။

Anti-Wrinkle Creams

အသားအရေကို ရေဓာတ်လျော့ကျတာကနေ ကာကွယ်ဖို့ထုတ်ထားတဲ့ အရည်အသွေးမြင့် Anti-Wrinkle Creams နဲ့ moisturisers က အသားအရေကို ညတွင်းချင်း ပြန်လည်ပြုပြင်ပေးပြီး နုပျိုစေတာကြောင့် အရေးအကြောင်းတွေနဲ့ Fine Lines တွေကို လျှော့ကျစေဖို့အတွက် မဖြစ်မနေသုံးပေးသင့်ပါတယ်။

နေရောင်ခြည်

အချိန်အကြာကြီး အပြင်ထွက်မယ်ဆိုရင် အသားအရေကို နေရောင်ကနေကာကွယ်ဖို့ နေရောင်ခြည်ကို အလွန်အကျွံထိတွေ့ခြင်းကနေ ရှောင်ကြဉ်ပါ။ Sunscreen or SPF Moisturiser လိမ်းပေးပါ။

အိပ်ချိန်

တစ်ညကို ရှစ်နာရီလောက်အိပ်ပြီး ခန္ဓာကိုယ်ကို သူ့အလိုလို ပြန်လည်ပြုပြင်ဖို့ အချိန်ပေးပါ။ ညအိပ်ရာမဝင်ခင်မှာ အရေးအကြောင်းတွေကို သက်သာစေတဲ့ Anti-Wrinkle Night Cream လိမ်းဖို့ မမေ့ပါနဲ့။

စိတ်ဖိစီးမှု

စိတ်ကိုဖိစီးစေပြီး အရေးအကြောင်းဖြစ်စေနိုင်တဲ့ ဘယ်လိုအရာကိုမဆို လျှော့ချရန် ကြိုးစားပါ။ ယောဂကျင့်ခြင်းနဲ့ တရားထိုင်ခြင်းတို့ကလည်း စိတ်ဖိစီးမှုကိုလျော့ကျစေဖို့ ကူညီပေးနိုင်ပါတယ်။