ရည်းစားဟောင်းက ကိုယ့်အပေါ်မကောင်းခဲ့လို့၊ ဖောက်ပြန်ခဲ့လို့၊ နှိပ်စက်ခဲ့လို့ စတဲ့ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် Relationship နဲ့ပတ်သက်ပြီး Trauma ရနေတာကို ဘယ်လိုဖျောက်ပစ်မလဲဆိုတဲ့ နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

လူတိုင်းက ရည်းစားဟောင်းလိုမဟုတ်ပါဘူး

အရင်ဆုံး ကိုယ့်ခေါင်းထဲထည့်ထားရမှာပါ။ လူတိုင်းက ကိုယ့်ရဲ့မကောင်းတဲ့ ရည်းစားဟောင်းလို မဟုတ်ဘူးဆိုတာပါပဲ။ တခြားကောင်းတဲ့သူတွေလည်း အများကြီးရှိပါတယ်။ နောက်တစ်ခေါက် ထပ်ချစ်လိုက်ရင် ရည်းစားဟောင်းလိုပဲ ကိုယ့်ကိုလုပ်ကြမယ်၊ ကိုယ်ပဲ ထပ်ခံစားရမယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်လိုက်ပါ။

အတိတ်ကိုမေ့နိုင်အောင်ကြိုးစားပါ

အတိတ်ကို မမေ့နိုင်ရင် ရထားတဲ့ Trauma တွေကလည်း မပျောက်ပါဘူး။ ဒီတော့ မေ့နိုင်အောင် ကြိုးစားရပါမယ်။ မတွေးမိအောင်နေပါ။ တွေးနေရင် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ မေ့မေ့ပျောက်ပျောက်ထားပြီး အတိတ်ကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။

ကိုယ့်စိတ်ပျော်မယ့်အရာတွေကိုလုပ်ပါ

ကိုယ့်စိတ်သာ ပျော်နေမယ်ဆိုရင် စိတ်ဒဏ်ရာတွေ Trauma တွေကိုလည်း မေ့မေ့ပျောက်ပျောက်နေနိုင်မှာပါ။ ဘယ်အရာက ကိုယ့်စိတ်ပျော်စေမယ့်အရာလဲဆိုတာ ရှာဖွေပြီး ကိုယ်ပျော်မယ့်အရာတွေကိုပဲ လုပ်ဆောင်ပြီးနေသွားပါ။

ကိုယ့်စိတ်ကိုပဲဦးစားပေးပါ

တခြားသူထက် ကိုယ့်စိတ်ကိုပဲ ဦးစားပေးပါ။ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပြီး ကိုယ့်ပျော်ရွှင်မှု စိတ်ချမ်းသာမှုကိုပဲ ဦးစားပေးပါ။ ဒီအရာတွေက ကိုယ်ရနေတဲ့ Trauma တွေကိုသာ ပျောက်အောင်လုပ်ပေးနိုင်မယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်သင့်ရင်လည်း ဆန်ရမှာပါပဲ။

ပြန်လည်စတင်ကြည့်ပါ

နောက်တစ်ခေါက် ချစ်ကြည့်ဖို့ကို မကြောက်ပါနဲ့။ ကိုယ့်ဆီကိုရောက်လာတဲ့သူကို သေချာအချိန်ပေးလေ့လာပြီးမှ ရွေးချယ်ပါ။ အချစ်ခံရတဲ့အခါ ရနေတဲ့ အတိတ်က Trauma တွေလည်း ပျောက်သွားနိုင်ပါတယ်။