လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ စိတ်ကူးထားတဲ့ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ဖို့ဆိုရင် မမှားပါဘူး။ တချို့ဆိုရင် လက်မောင်းနဲ့ ပုခုံးနားမှာ၊ နောက်ကျာနားမှာ၊ ရင်ဘတ်နားမှာ အဆီတွေ စုနေတတ်ပါတယ်။

အဲဒီလိုစုနေတဲ့အဆီတွေကိုကျစေပြီး ခန္ဓာကိုယ်အချိုးအစား ကျစ်ကျစ်လေးပိုင်ဆိုင်စေမယ့်နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

၁။ ၄ ကီလိုရှိတဲ့အလေးတုံး (သို့) ၅ ကီလိုရှိတဲ့အလေးတုံးကိုယူပါ။ ပြီးရင် ခန္ဓာကိုယ်ကို မတ်မတ်နေပြီး အတုံးနှစ်ခုကို လက်တစ်ဖက်ဆီမှာကိုင်ထားပါ။ ပြီးရင် အသက်ရှူပြီး အတုံးကို ဘေးဖက်မလိုက်ပါ။ ပြန်ချတဲ့အချိန် အသက်ပြန်ရှူထုတ်ပါ။ အဲဒီအတိုင်း ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၂။ စောစောကလိုပဲ အတုံးနှစ်ခုကို လက်မှာကိုင်ထားပါ။ ပြီးရင် လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်နဲ့ကပ်ထားပြီး အတုံးနှစ်ခုကို မတင်ပေးပါ။ မတင်လိုက်တဲ့အချိန်အသက်ရှူပါ။ ပြီးရင် ပြန်ချလိုက်တဲ့အချိန် အသက်ပြန်ရှူထုတ်ပါ။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၃။ ရင်ဘတ်နားကအဆီတွေကျစေဖို့အတွက် အရင်ဆုံး ပက်လက်အနေအထားနေပေးပါ။ ပြီးရင် အတုံးနှစ်ခုကို လက်ကနေကိုင်ထားပြီး အရှေ့ဖက်ကိုတွန်းလိုက်ချလိုက်လုပ်ပါ။ တွန်းတဲ့အချိန်အသက်ရှူသွင်းပြီး ပြန်ချတဲ့အချိန် အသက်ရှူထုတ်ပါ။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၄။ ရင်ဘတ်နားကအဆီကျဖို့နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ စောစောကလိုပဲကျောလဲှနေပါ။ ကြမ်းပြင်ပေါ်လှဲလှဲ ခုံတစ်ခုပေါ်လှဲလှဲ ရပါတယ်နော်။ အတုံနှစ်ခုကို လက်နှစ်ဖက်ကနေကိုင်ပြီး အတုံးကိုအလယ်မှာစုလိုက် ဘေးကိုချလိုက်လုပ်ပေးရပါမယ်။

၅။ နောက်ကျောကအဆီကျစေမယ့်လေ့ကျင့်ခန်းလုပ်ပါမယ်။ အရင်ဆုံး ခုံတစ်ခုပေါ်မှာ ဒူးတစ်ဖက်တင်ထားပါ။ လက်တစ်ဖက်ကိုလည်း တင်ထားပါ။ အတုံးတစ်ခုကို လက်တစ်ဖက်ကနေမပါ။ ပြီးရင် အသက်ရှူပြီး အတုံးကိုင်ထားတဲ့လက်ကို အပေါ်မတင်လိုက်ချလိုက်လုပ်ပေးပါ။ အပေါ်မတင်တဲ့အချိန် အသက်ရှူပြီး ပြန်ချတဲ့အသက် ပြန်ရှူထုတ်ပါ။ အဲဒီအတိုင်း ၁၀ကြိမ် ၄ ကြော့လုပ်ရပါမယ်။

၆။ ခြေထောက်နှစ်ဖက်ကိုအရှေ့အနောက် ခွဲလိုက်ပါ။ ပြီးရင် အတုံးကို လက်တစ်ဖက်ကနေ ကိုင်ပြီး အခုပုံမှာပြထားသလိုနောက်ပြန်ဆွဲပေးရပါမယ်။ ဆွဲတဲ့အချိန်အသက်ရှူပြီး၊ ပြန်ချတဲ့အချိန်အသက်ပြန်ရှူထုတ်ပါ။