ခြေဖဝါးမှာ ချွေးထွက်များတာက တားဆီးလို့ရတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်တွေကိုလုပ်ပေးရင်တော့ ချွေးထွက်များလို့ ခြေဆီအနံ့ထွက်တာကို သက်သာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

ခြေထောက်ဆေးပါ

ခြေထောက်ကိုဆေးပေးတာက ချွေးနဲ့ဘက်တီးရီးယားများကို ဖယ်ရှားပေးရုံသာမက အရေပြားကို အေးမြစေပြီး ချွေးထွက်တာကိုလည်း လျော့နည်းစေပါတယ် ။ တစ်နေ့ကို နှစ်ကြိမ်မဟုတ်ရင် အနည်းဆုံး တစ်ကြိမ် ခြေထောက်ဆေးပေးပါ။

ခြောက်အောင်ထားပါ

ခြေထောက်က ချွေးကြောင့်စိုနေရင် ဘက်တီးရီးယာနဲ့မှိုများ ရှင်သန်ကြီးထွားစေနိုင်တာကြောင့် ခြေထောက်ကို သေချာခြောက်သွေ့အောင်ထားပါ။ အထူးသဖြင့် ခြေချောင်းများကြားပါ။

လက်ဖက်ရည်ကြမ်းနဲ့စိမ်ပါ

လက်ဖက်ခြောက်မှာပါတဲ့ Tannins က အရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေပြီး ချွေးထွက်တာကို သက်သာစေပါတယ်။ ချွေးထွက်များတယ်ဆိုရင် တစ်ခါစိမ် မိနစ် 20 ခန့် စိမ်ထားပါ။

ခြေအိတ်လဲပါ

ခြေထောက်ကို ရေဆေးဖို့ သို့မဟုတ် ရေစိမ်ဖို့အဆင်မပြေတဲ့အခါမျိုးမှာ ခြေအိတ်အသစ်လဲပေးပါ။ သဘာဝချည်ခြေအိတ်များကို ရွေးချယ်ပါ။

ဖိနပ်လဲပါ

ပူတဲ့ဖိနပ်က ခြေထောက်ကို ပိုပူစေပြီး ချွေးပိုထွက်စေပါတယ်။ ဖိနပ်တစ်ရံကို ၂ ရက်ဆက်တိုက် မဝတ်ပါနဲ့။

အရက်ပျံနဲ့ပွတ်ပေးပါ

ခြေချောင်းများကြား သို့မဟုတ် ချွေးထွက်များတဲ့နေရာကို အရက်ပျံနဲ့ ပွတ်ပေးပါ။ ဒါက ခြေထောက်ကို ချက်ချင်းခြောက်သွေ့စေပြီး ခြေထောက်အနံ့ဆိုးတွေကို ရပ်တန့်စေပါလိမ့်မယ်။ ဒါပေမယ့် အရက်ပျံက ခြေထောက်ကို လိုတာထက်ပိုခြောက်သွေ့စေပြီး ယားယံစေတတ်တာကြောင့် အမြဲမသုံးသင့်ပါဘူး။