ရာသီဥတုပူလို့ ခေါင်းမှာချွေးထွက်များလာရင် ဒါမှမဟုတ် ချွေးနံ့တွေနံလာရင် မွှေးတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်တာထက် ပိုလန်းဆန်းစေတာ ဘာမှမရှိပါဘူး။ ဒါပေမယ့် အမြဲခေါင်းမလျှော်နိုင်ဘူး ၊ ခေါင်းလျှော်ပေမယ့် အနံ့ဆိုးက ရှိနေတုန်းပဲ ဆိုရင်တော့ ဒီအနံ့အသက်ဆိုးတွေပျောက်ဖို့ လွယ်ကူမြန်ဆန်တဲ့ အိမ်တွင်းကုထုံးတွေကို လေ့လာကြည့်ရအောင် –

Baking Soda

Baking Soda နည်းနည်းကို ရေနဲ့ပျစ်ပျစ်လေးဖျော်ပြီး မစိုမခြောက်ဆံပင်ပေါ်‌ လိမ်းလိုက်ပါ။ 5 မိနစ်လောက်ထားပြီးမှ ရေဆေးချလိုက်ပါ။

သံပယိုရည်

ခေါင်းလျှော်ပြီးသွားရင် ဆံပင်နဲ့ ဦးရေပြားကို ရေရောထားတဲ့ သံပုရာရည် လိမ်းပေးပါ။ မိနစ်နည်းနည်းလောက်ထားပြီးမှ ရေဆေးချပါ။

Rose Water

အနံ့ဆိုးထွက်နေတဲ့ ဆံပင်အတွက် အရိုးရှင်းဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကတော့ Rose Water ကို ဆံပင်ပေါ် တိုက်ရိုက်ဖြန်းတာပါ။

သံလွင်ဆီ

ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ ဆံပင်နဲ့ဦးရေပြားကို သံလွင်ဆီနှံ့အောင်လိမ်းပြီး နှိပ်ပေးပါ။

Tea Tree Oil

ခေါင်းမလျှော်ခင် သံလွင်ဆီလိမ်းဖို့ အချိန်မရဘူးဆိုရင်တော့ ခေါင်းလျှော်ပြီးသွားရင် ဆံပင်ကို Tea Tree Oil လိမ်းပေးပါ။

Apple Cider Vinegar

ဆံပင်ကို Shampoo နဲ့လျှော်ပြီးသွားရင် ရေတဝက်ရောထားတဲ့ Apple Cider Vinegar နဲ့ ထပ်လျှော်လိုက်ပါ။

Dry Shampoo

အပေါ်ကအချက်တွေလုပ်ဖို့ အချိန်မရှိဘူးဆိုရင်တော့ ဆံပင်ရဲ့ မကောင်းတဲ့ အနံ့အသက်ဆိုးတွေကို ဖုံးအုပ်ပေးနိုင်တဲ့ Dry Shampoo သုံးပေးပါ။

ခေါင်းဖြီး

ခေါင်းလျှော်ဖို့အဆင်မပြေဖြစ်နေရင်တော့ ခေါင်းလျှော်မယ့်အစား သုံးနေကျ ခေါင်းဖြီးကိုသေချာဆေးပြီး ထပ်ခါထပ်ခါဖြီးပေးပါ။