ဝက်ခြံတွေဆိုတာကလည်းလေ။ ဒီတိုင်းနေနေရင်အကောင်း။ သွားစရာ၊ လာစရာရှိပြီး။ အရေးကြီးတဲ့သူတစ်ယောက်ယောက်နဲ့တွေ့ရပြီဆိုတာနဲ့ ဟိုတစ်မျိုး၊ ဒီတစ်မျိုးလှိမ့်ထွက်လာကြတော့တာပါပဲ။ တစ်ချို့ကျတော့လည်း နှစ်ရည်လများပေါက်နေတတ်ကြပါတယ်။ ဘယ်လိုပဲပေါက်ပေါက် ဝက်ခြံတွေက အမျိုးအစားအမျိုးမျိုးရှိပြီး ကုသပုံခြင်းလည်း မတူညီကြပါဘူး။ ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို အမြန်ဆုံးဖယ်ရှားပစ်ဖို့ ဝက်ခြံအမျိုးအစားလေးတွေနဲ့အတူ ထိရောက်စွာ ကုသနိုင်မယ့်နည်းလမ်းကောင်းလေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

ပြွတ်သိပ်နေတဲ့ ဝက်ခြံသေးသေးလေးတွေ

ဒီဝက်ခြံလေးတွေကတော့ အပြည်လည်းမတည်၊ ညှစ်ရလည်းမလွယ်ဘဲ နဖူးနဲ့ မေးစေ့လိုနေရာမျိုးမှာ သေးသေးလေးတွေ အများကြီးရှိနေတတ်ပါတယ်။ ဒီလိုအခါမျိုးကျရင်တော့ တိုနာကိုသာ နိုင်နိုင်သုံးပေးပြီး သန့်ရှင်းတဲ့မိတ်ကပ်ပစ္စည်းတွေကိုသာ ပြန်လည်အသုံးပြုစေချင်ပါတယ်။ သူလည်းဝက်ခြံကြီးလိုပဲ ဂရုစိုက်ရမယ့်အချက်တွေများပြီး စားသောက်နေထိုင်ပုံတွေ ဆင်ခြင်ဖို့ လိုပါတယ်။ Cream type ထက် ရေဓာတ်ပါဝင်မှုများတဲ့ Sheet mask လေးတွေကို ညတိုင်းပုံမှန်သောက်ပေးပြီး ရှင်းလင်းပေးလို့ရပါတယ်။

ဆားဝက်ခြံ

ဆားဝက်ခြံမှာ အမဲစေ့နဲ့ အဖြူစေ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေစုပုံလာပြီး ချွေးပေါက်ပိတ်သွားတဲ့အခါမှာ ဆဲလ်သစ်တွေပြန်မမွေးဖွားနိုင်တော့ဘဲ ဆားဝက်ခြံဖြစ်လာရတာပဲ ဖြစ်ပါတယ်။

ရေနွေးငွေ့နဲ့ ပုံမှန်ပေါင်းတင်ပေးမယ်။ Exfoliate ပုံမှန်လုပ်ပေးမယ်။ မိတ်ကပ်နေ့စဉ်ပုံမှန်ဖျက်ပေးမယ်။ ချွေးပေါက်တွေကိုသာ ပုံမှန်ဖွင့်ပေးနေမယ်ဆိုရင်တော့ ဆားဝက်ခြံက ပျောက်လွယ်ပါတယ်။

ဝက်ခြံကြီး

ဒါကတော့ အပြည်တည်တဲ့ဝက်ခြံမျိုးပါ။ အဝါရောင်အလုံးကြီးတွေပေါက်တတ်ပါတယ်။ မပေါက်သေးခင် အသားမှာခြင်ကိုက်သလို အနီစက်လေးလိုလိုအရင် ဖြစ်ပြီးမှ နာနေတတ်ပါတယ်။ သူကပေါက်ပြီးရင်လည်း အာမာရွတ်နည်းနည်းကျန်လွယ်လို့ သတိထားရပါတယ်။

ဒီလိုဖြစ်တာကတော့ မျက်နှာကိုသန့်ရှင်းအောင်မထားတာရယ် အသားစားများတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ အဓိက အသီးအနှံများများစားပေးပြီး ခန္တာကိုယ်အတွင်း အဆိပ်အတောက်ကင်းအောင်ထားမယ်။ ဝမ်းပုံမှန်သွားမယ်။ ရေဓာတ်လုံလောက်အောင် ဖြည့်ဆည်းပေးမယ်။ အဆီနဲ့ အညစ်အကြေးကို မကပ်ငြိအောင်ဂရုတစိုက်ထိမ်းသိမ်းပေးမယ်ဆိုရင်တော့ ပျောက်ကင်းလာမှာပါ။